Sunday, July 29, 2018

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း ကြည့်ရှုစစ်ဆေး




 Image may contain: 5 people, people standing and indoor

ရန်ကုန် ဇူလိုင် ၂၈




ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည့်USOAP- ICVM Audit အကြို 2018 USOAP Audit Preparation Task Force အဖွဲ့ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားသည်။
ဆက်လက်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ၂ဝဝ၃ ခုနှစ်တွင်တည်ဆောက်ခဲ့သော Terminal-2 အား Ter- minal-1နှင့် ချိတ်ဆက်ရန် အကြီးစားပြုပြင်မွမ်းမံရန်အတွက် အဆိုပါ Terminal-2အား ခေတ္တပိတ်ပြီး လေကြောင်း လိုင်းများအား Terminal-1 သို့ရွှေ့ပြောင်း၍ အပြည်ပြည် ဆိုင်ရာ ခရီးစဉ်များအား လက်ခံဆောင်ရွက်ကာ ခရီးသည် အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် လေကြောင်း ပို့ဆောင် ရေးòန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ လေဆိပ် ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်လျက်ရှိသော ရန်ကုန်အေရို ဒရုန်း ကုမ္ပဏီ လီမိတက်(YACL) မှ တာဝန်ရှိသူများ၊ လေဆိပ် ဝန်ဆောင်မှု လုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် သက်ဆိုင်ရာဌာနများမှ တာဝန်ခံများနှင့် တွေ့ဆုံ၍ လိုအပ်ချက် များအား ညှိနှိုင်းဆောင်ရွက်ပေးသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ Terminal-2 အား ဇူလိုင် ၂၇ ရက်တွင် အကြီးစား ပြုပြင်မွမ်းမံရန်အတွက် အဆိုပါ Terminal မှ လေဆိပ်ကောင်တာများ၊ လေဆိပ်ရှိ လုံခြုံရေးဆိုင်ရာ စက်ပစ္စည်းများ၊ X-ray စက်များကို ဇူလိုင် ၂၆ ရက် လေကြောင်းလိုင်းခရီးစဉ်များပြီးဆုံးသည့် ညအချိန် ၁၂ နာရီနောက်ပိုင်းမှ ရွှေ့ပြောင်းရသဖြင့် ဇူလိုင် ၂၇ ရက် မနက်ပိုင်းတွင် စက်ပစ္စည်းများ၊X-ray စက်များ ပြောင်းရွှေ့ တပ်ဆင်မှုမပြီးစီးသည့် အခက်အခဲများကြောင့် ခရီးသည်များ အား စစ်ဆေးရာတွင် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ယခုအခါ လုံခြုံရေးဆိုင်ရာ စက်ပစ္စည်းများ၊ X-ray စက်များ တပ်ဆင်ဆောင်ရွက်ပြီးစီးပြီဖြစ်သဖြင့် အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်များနှင့် ခရီးသည်များ အဆင်ပြေချောမွေ့စွာ သွားလာလျက်ရှိကြောင်း သိရှိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်များတွင် လိုက်ပါစီးနင်းမည့် ခရီးသွား ဧည့်သည်များ၏ အဆင်ပြေချောမွေ့သွားလာမှု အခြေအနေများ၊ လေဆိပ်လုံခြုံရေးဆိုင်ရာ စက်ပစ္စည်းများ ပြောင်းရွှေ့တပ်ဆင် ထားသည့်
X-ray စက်အခြေအနေများအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment