Sunday, July 29, 2018

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပဲခူးတိုင်းဒေသကြီးရှိ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လမ်းညွှန်အမှာစကားပြောကြား ရေဘေးရှောင်ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေး





Image may contain: 27 people, people smiling
 နေပြည်တော် ဇူလိုင် ၂၈




 နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ဇူလိုင် ၂၈ ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပသည့် တိုင်းဒေသကြီးအစိုးရ၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသ ကြီးတရားလွှတ်တော်၊ ခရိုင်နှင့်မြို့နယ် များမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။
တာဝန်ရှိသူများ တက်ရောက်
အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သှူအင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီး များ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီး ချုပ်
ဦးမောင်မောင်ရွှေနှင့် တရားသူကြီးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ ခရိုင်နှင့် မြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူ များ တက်ရောက်ကြသည်။
ရည်ရွယ်ချက်နှစ်ခု
တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က လမ်းòန်အမှာစကား ပြောကြားရာ၌ ပဲခူးတိုင်းဒေသကြီးသို့ လာရောက်ရခြင်း ရည်ရွယ်ချက်နှစ်ခု ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်ရန်နှင့် အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများနှင့် ရင်ဆိုင်ကြုံတွေ့ နေရသည့် ရေဘေးရှောင်ပြည်သူများ အား တွေ့ဆုံရန်တို့ ဖြစ်ပါကြောင်း။
နည်းမှန်လမ်းမှန် လိုက်ပါ
နိုင်ငံတော်အစိုးရက အကောင် အထည်ဖော်ဆောင်ရွက်နေသည့် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့်တင်ဆောင်ရွက်လျက် ရှိပါ ကြောင်း၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း များကို ဆောင်ရွက်ရာတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးကဏ္ဍတို့တွင် တာဝန်ထမ်းဆောင်နေကြသူ များအနေဖြင့် စိုးရိမ်ထိတ်လန့်နေရန် မလိုအပ်ပါကြောင်း၊ ယခုအချိန်သည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဆောင်ရွက်ရန် အခွင့်ကောင်း အခါ ကောင်း ဖြစ်ပါကြောင်း၊ အားလုံးတက်ညီ လက်ညီဖြင့် နည်းမှန်လမ်းမှန် လိုက်ပါ ဆောင်ရွက်မှသာ မိမိတို့တိုင်းပြည် အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်ချမ်းသာကြွယ်ဝ ပြီး ပြည်သူလူထုလည်း လူနေမှုအဆင့် အတန်း တိုးတက်မြင့်မားလာမည် ဖြစ်ပါ ကြောင်း။
အားလုံးတွင် တာဝန်ရှိ
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံ တည်ဆောက်ရေးကို ဦးတည် ဆောင်ရွက်နေပါကြောင်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များအားလုံး အချိုးကျကျ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိနေပါကြောင်း၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဝပြောရေးနှင့် ရေရှည် တည်တံ့ခိုင်မြဲရေးကို အလေးထား ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ တရား မျှတမှုရရှိရန်မှာ အားလုံးတွင် တာဝန်ရှိ ကြပါကြောင်း၊ တရားမျှတမှုရရှိရေး အကောင်အထည်ဖော်ခြင်းသည် ဒီမို ကရေစီခိုင်မာစေရေးဖြစ်သကဲ့သို့ လှူအဖွဲ့ အစည်းကိုလည်း ခိုင်မာတောင့်တင်းစေ ပါကြောင်း။
ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု နိုင်ငံ တည်ဆောက်ရေးကို အထောက် အပံ့ ဖြစ်စေပါကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံအဖြစ် တည် ဆောက်နိုင်မှသာ စည်းလုံးညီညွတ်ပြီး ငြိမ်းချမ်းသာယာဝပြော စည်ပင်လာ မည် ဖြစ်ပါကြောင်း။
ကာကွယ်စောင့်ရှောက်ပေး
အုပ်ချုပ်ရေးနှင့်စပ်လျဉ်း၍ ပြည်သူ လူထုကို ဖိနှိပ်ချုပ်ချယ်သည့် ယ္တရား မဖြစ်စေလိုပါကြောင်း၊ လှူအခွင့်အရေးကာကွယ်စောင့်ရှောက်ပေးရန် လိုပါ ကြောင်း၊ ပြည်သူလူထု၏ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးသည့် စီမံခန့်ခွဲမှု မျိုးဖြစ်စေလိုပါကြောင်း၊ ထို့ပြင် တာဝန် ယူမှု တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ကြိုတင်သိမြင် နိုင်မှုစသည့် အချက်များနှင့်လည်း ကိုက်ညီမှုရှိရန် အထူးလိုအပ်ပါကြောင်း။
မှန်မှန်ကန်ကန် တရားစီရင်
ဥပဒေပြုရေးနှင့်စပ်လျဉ်း၍ ဥပဒေ များရေးဆွဲရာတွင် ခေတ်ကာလ လက်ရှိ အခြေအနေနှင့် ကိုက်ညီမှုရှိသည့် ဒီမို ကရေစီနှင့်လျော်ညီသည့် ဥပဒေများ ဖြစ်အောင် ရေးဆွဲကြရန်လိုအပ်ပါ ကြောင်း၊ တရားစီရင်ရေးနှင့်စပ်လျဉ်း၍ ဆင်းရဲချမ်းသာမရွေး၊ ရာထူးဌာန္တရ မရွေးဘဲ ဘက်လိုက်မှုကင်းသည့် တရား စီရင်ရေးဖြစ်ရန်လိုပါကြောင်း၊ တရားစီရင် ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ မှန်မှန်ကန်ကန် တရားစီရင်ကြရန် လိုအပ်ပါကြောင်း။
အမျိုးသားရေး
တာဝန်တစ်ရပ်အဖြစ်ခံယူ
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အရပ် ဘက်အဖွဲ့အစည်းများနှင့် ရပ်မိရပ်ဖများ ပိုမိုပူးပေါင်းပါဝင်နိုင်ရန် ဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်နှိမ်နင်းရေး သည် ပြည်သူများ အပါအဝင် အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြမှသာ ပိုမို အောင်မြင်မည်ဖြစ်ပါကြောင်း၊ မူးယစ် ဆေးဝါးမှုများကို မသိကျိုးကျွန်ပြုထား ခြင်း၊ လျစ်လျူရှုထားခြင်း၊ မျက်ကွယ် ပြုထားခြင်းများကို ပြည်သူများက စောင့် ကြည့်ပေးထားပြီး ဖော်ထုတ်ပေးကြရန် လိုပါကြောင်း။
ဥပဒေနှင့်အညီ ကိုင်တွယ်ဖြေရှင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင် ဥပဒေများနှင့်အညီ ထိရောက်စွာ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအထိ ဖွဲ့စည်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအလိုက်Corruption Prevention Unit (CPU)များဖွဲ့စည်းပြီး ထိန်းကျောင်းရန် စီမံလျက်ရှိပါကြောင်း၊ အဂတိလိုက်စား မှု ကင်းရှင်းစေရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုကို ဆူကြုံနိမ့်မြင့်မရွေး ဥပဒေနှင့်အညီ ကိုင်တွယ်ဖြေရှင်းလျက်ရှိပါကြောင်း၊ အဂတိကင်းစင်သည့် လှူအဖွဲ့အစည်းဖြစ်စေရန် ဆောင်ရွက် နေပါကြောင်း။
လမ်းညွှန်မှာကြား
တရားစီရင်ရေးကဏ္ဍတွင် ဘက် လိုက်မှုကင်းသည့် တရားစီရင်ရေးကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိနေပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အဆင့်ဆင့် တာဝန်ယူတာဝန်ခံ ဆောင် ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပြည် ထောင်စုတရားစီရင်ရေးဥပဒေတွင် ပါဝင် သည့် ပြဋ္ဌာန်းချက်များ၊ တရားစီရင်ရေး နှင့်စပ်လျဉ်းသည့် တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်သွား ကြရမည်ဖြစ်ပါကြောင်း၊ တရားဥပဒေ၏ ရှေ့မှောက်တွင် နိုင်ငံသူနိုင်ငံသားများ အားလုံး အညီအမျှဖြစ်ကြရမည်ဖြစ်ပါ ကြောင်း၊ ဥပဒေနှင့်အညီ ဆောင်ရွက် လုပ်ကိုင်ကြရန် လိုအပ်ပါကြောင်း လမ်းòန်မှာကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေ များကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်က လွှတ်တော်ရေးရာ လုပ်ငန်းများ
ဆောင်ရွက်နေမှု၊ ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးမောင်မောင်ရွှေက တရားလွှတ်တော် ရေးရာလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ရှင်းလင်းတင်ပြသည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင် ရေးကဏ္ဍ အစီရင်ခံစာများနှင့် စပ်လျဉ်း ၍ တရားစီရင်ရေးကဏ္ဍတွင် လှူအခွင့် အရေး ချိုးဖောက်ခံရမှုများ မရှိစေရန် အမြဲမပြတ်စောင့်ကြည့်ရန် လိုအပ်ပါ ကြောင်း၊ တရားစီရင်ရေးမဏ္ဍိုင် တည့် မတ်စေရန် အဆင့်ဆင့်ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အမှု များကို မှန်မှန်နှင့်မြန်မြန် ဖြေရှင်းဆောင် ရွက်ပေးရန် လိုအပ်ပါကြောင်း။
အကျိုးဖြစ်ထွန်းစေရန်လို
ဥပဒေပြုရေးကဏ္ဍတွင် လွှတ်တော် သို့ အဆိုများတင်သွင်းရာ၌ လွှတ်တော် ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်ညီ ရန်လိုပါကြောင်း၊ ကတိကဝတ်ပေးပြီး ပါက အကောင်အထည်ဖော်ရန် လိုပါ ကြောင်း၊ ဥပဒေများရေးဆွဲရာ၌ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ရန်လိုပါကြောင်း၊ အုပ်ချုပ်ရေး ကဏ္ဍတွင် လယ်ယာမြေများစိစစ်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ မူဝါဒနှင့်အညီ စိစစ်ကြရန်လိုပါကြောင်း၊ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် ဒေသ၏လိုအပ်ချက်နှင့် ပြည်သူ များအကျိုးဖြစ်ထွန်းစေရန် လိုပါကြောင်း။
ပြည်သူကို ဝန်ဆောင်မှုပေး
ဝန်ထမ်းများသည် နိုင်ငံတော်၏ ရသုံးခန့်မှန်းခြေငွေစာရင်းမှ ကျခံသုံးစွဲ သည့် လစာ၊ စရိတ်ငွေနှင့် အခြားခံစား ခွင့်များကို ခံစားကြရပါကြောင်း၊ အဆိုပါ ဝန်ထမ်းများတွင် အခွင့်အရေးနှင့် ဒွန်တွဲ၍ တာဝန်ယူမှုများရှိပါကြောင်း၊ အခွင့်အရေးကို မှန်ကန်စွာသုံးစွဲပြီး တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရန် လိုကြောင်း၊ ပြည်သှူဘဏ္ဍာကို ခံစားနေ ကြသည့် ဝန်ထမ်းများသည် ပြည်သှူ တာဝန်များကို တရားဥပဒေနှင့်အညီ ကျေပွန်စွာထမ်းဆောင်ကြရမည်ဖြစ်ပြီး ပြည်သူကို လေးစားစွာ အလုပ်အကျွေး ပြုကြရမည်၊ ပြည်သူကို ဝန်ဆောင်မှု များပေးကြရမည် ဖြစ်ပါကြောင်း။
အပြန်အလှန်ထိန်းကျောင်း
ဝန်ထမ်းများအနေဖြင့် ပြည်သူကို တရားမျှတစွာဆက်ဆံရန်၊ ပြည်သှူဘဏ္ဍာ ကို အလေအလွင့်မရှိအောင် ဆောင်ရွက် ရန်လိုပါကြောင်း၊ ထို့ပြင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတို့သည် အပြန်အလှန်ချိတ်ဆက်နေပါ၍ အပြန် အလှန်ထိန်းကျောင်းရန်လည်း တာဝန် ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် အခမ်းအနားသို့ တက် ရောက်လာကြသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများနှင့် အတူ ပဲခူးမြို့ရှိ ဗုဒ္ဓအသံ ဓမ္မဗိမာန်သို့ သွားရောက်ပြီး ပဲခူးမြို့နယ်အတွင်းရှိ ရေဘေးရှောင်ပြည်သူများနှင့် သွား ရောက်တွေ့ဆုံ၍ အားပေးစကား ပြောကြားကာ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေမှ ပဲခူးတိုင်းဒေသကြီး သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီရန်ပုံငွေသို့ လွှဲပြောင်းထောက် ပံ့သည့် ငွေကျပ်သိန်း ၁ဝဝဝ ကို တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းထံ ပေးအပ်သည်။
ထောက်ပံ့ပေးအပ်
ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ရေဘေးရှောင်ပြည်သူ များအတွက် ဆန်အိတ် ၁ဝဝ နှင့် ရေဘေး ရှောင်မိသားစု ၁ဝဝဝ အတွက် ထောက်ပံ့ ရေးပစ္စည်း ခြောက်မျိုးပါ ကယ်ဆယ်ရေး ပစ္စည်းများကို တိုင်းဒေသကြီးဝန်ကြီး ချုပ်ထံ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ရေဘေးရှောင်ပြည်သူများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ပြီး အားပေး စကားပြောကြားသည်။ သတင်းစဉ်

No comments:

Post a Comment