Sunday, July 29, 2018

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ လတ်တလောရေကြီးရေလျှံမှုများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား





Image may contain: 5 people
 နေပြည်တော် ဇူလိုင် ၂၈ 




 မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားနေသော ရေကြီးရေလျှံမှုများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန ၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာဖေမြင့်နှင့် ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊
ဗိုလ်ချုပ်အောင်သူ၊ ဦးဝင်းမော်ထွန်း နှင့် ဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေမှူးချုပ်များနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
စနစ်တကျကြိုတင်ပြင်ဆင်
အစည်းအဝေးတွင် ဒုတိယသမ္မတ က နိုင်ငံအတွင်း လတ်တလောဖြစ်ပေါ် နေသည့် သဘာဝဘေးအန္တရာယ်ရေကြီး ရေလျှံမှုများနှင့်စပ်လျဉ်း၍ လိုအပ်သလို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရန် အစည်းအဝေးကို ယခုကဲ့သို့ ကျင်းပရ ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံအတွင်း ရေကြီးရေလျှံမှုများကြောင့် နစ်နာ ဆုံးရှုံးမှုများ ကြုံတွေ့နေရပါကြောင်း၊ လတ်တလော ရေကြီးရေလျှံမှုများ ကြောင့် ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်တို့တွင် ရေကြီးရေလျှံမှုများ လတ်တလောဖြစ်ပေါ်လျက်ရှိရာ သဘာဝ ဘေးအ္တရာယ်နှင့် စပ်လျဉ်းသည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိနေပါကြောင်း၊ သဘာဝဘေးအ္တရာယ် ကြုံတွေ့ခံစား နေကြရသူများကို သဘာဝဘေး ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို ညှိနှိုင်း ပေါင်းစပ်၍ ချက်ချင်းတုံ့ပြန် ဆောင် ရွက်နိုင်ရန် လုပ်ဆောင်ကြရမည်ဖြစ်ပါ ကြောင်းနှင့် သဘာဝဘေးအန္တရာယ် ဖြစ်ပွားနိုင်သည်များကို မျှော်မှန်း၍ သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးနှင့် ရှာဖွေကူညီကယ်ဆယ် ရေးလုပ်ငန်းများကို စနစ်တကျကြိုတင် ပြင်ဆင်ဆောင်ရွက်ထားကြရမည်ဖြစ် ပါကြောင်း ပြောကြားသည်။
ရှင်းလင်းဆွေးနွေး
ထို့နောက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာ ဖေမြင့်နှင့် ဒေါက်တာအောင်သူ၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဦးမင်းသူ၊ ဗိုလ်ချုပ် အောင်သူ၊ ဦးဝင်းမော်ထွန်း နှင့် ဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်၊ ဦးတင်မောင်ဦးနှင့် ဦးမျိုး မြင့်မောင်၊ ညွှန်ကြားရေးမှူးချုပ် ဦးခင် မောင်ဝင်း၊ ဒေါက်တာကျော်မိုးဦး နှင့် တာဝန်ရှိသူများက သဘာဝဘေး အ္တရာယ် ကြုံတွေ့ခံစားနေကြရသူများ အတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များ၊ ဆက်လက်ကူညီဆောင်ရွက်သွား မည့်အစီအမံများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်း ဆောင်ရွက်သွားမည့် အခြေ အနေများ၊ ချက်ချင်းတုံ့ပြန်ဆောင်ရွက်သွားမည့်အခြေအနေများ၊ ထောက်ပံ့ ကူညီသွားမည့် အစီအစဉ်များ၊ လုံခြုံ ရေး၊ သတင်းထုတ်ပြန်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဆောက်လုပ်ရေး၊ လျှပ်စစ်ကဏ္ဍဆိုင်ရာ များနှင့် တပ်မတော်မှ သဘာဝဘေး အ္တရာယ်များ ကျရောက်သည့်နေရာများ တွင် ပူးပေါင်းကူညီ ဆောင်ရွက်လျက် ရှိသည့်အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြသည်။
လှည့်လည်ကြည့်ရှု
ယင်းနောက် အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ရှင်းလင်း ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး မိုးလေဝသ အခြေအနေဆိုင်ရာများနှင့် စပ်လျဉ်း ၍ ဂြိုဟ်တုမှပေးပို့သည့် ပုံရိပ်များကို လှည့်လည်ကြည့်ရှုသည်။ သတင်းစဉ်

No comments:

Post a Comment