Monday, July 30, 2018

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ပဲခူးမြို့နယ်တွင်း ရထားလမ်းပိုင်းများ ပျက်စီးမှုနှင့် ဝန်ထမ်းအိမ်ရာများသို့ ရေဝင်ရောက်နစ်မြုပ်ခဲ့သည့် ဝန်ထမ်းမိသားစုများအား ထောက်ပံ့





 နေပြည်တော် ဇူလိုင် ၂၉


 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင် မောင်သည် မြန်မာ့မီးရထား ဦးဆောင် ညွှန်ကြားရေးမှူး ဦးသူရိန်ဝင်းနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ဒီရေ မြင့်တက်မှုကြောင့် ပဲခူးမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည့် ပဲခူး ဘူတာ၊ ဝန်ထမ်းအိမ်ရာများနှင့် ရေကျော် လမ်းပိုင်းနေရာများသို့ ဇူလိုင် ၂၈ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးဘူတာသို့လည်းကောင်း၊ ပဲခူးဘူတာ အခြေစိုက်ဝန်ထမ်းအိမ်ရာများ ၌ ရေလေးပေခန့်အထိ ရေဝင်ရောက် နစ်မြုပ်နေမှုအခြေအနေကို လည်း ကောင်း ကြည့်ရှုစစ်ဆေးပြီး ရေဝင်ရောက် မှုကြောင့် ဝန်ထမ်း ၂၅၅ ဦး အပါအဝင် မိသားစုဝင် စုစုပေါင်း ၈၃၅ ဦးတို့အား ရေဘေးလွတ်ကင်းရာသို့ နေရာချထား ဆောင်ရွက်ပေးမှု၊ မြန်မာ့မီးရထား အနေဖြင့် နေထိုင်စားသောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုတို့ကိုလိုက်လံကြည့်ရှုပြီး ဝန်ထမ်းများအား အားပေးစကားပြောကြားကာ ထောက်ပံ့ ငွေများ ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့တို့သည် တာဝ-ဘုရားငါးဆူ၊ ပဲခူး-ရွှေလှေနှင့် ပဲခူး-ကလိရထားလမ်း ရေကျော်သည့်နေရာများကို ကြည့်ရှု စစ်ဆေးပြီး ရေပြန်လည်ကျဆင်းသွားပါ က ရေကျော်လမ်းပိုင်းနှင့် တံတားများ ကို ပြန်လည်ပြင်ဆင်ခြင်း၊ ပဲခူး-မော်လမြိုင်ကြား ဒုံဝန်း-နှင်းပုလဲလမ်းပိုင်း ပျက်စီးမှုကို အမြန်ဆုံးစစ်ဆေးပြုပြင် သွားရန်နှင့် ရန်ကုန်-နေပြည်တော်-မ္တလေးလမ်းပိုင်းနှင့် ရန်ကုန်-မော်လမြိုင် လမ်းပိုင်းရှိ ရထားများပြန်လည် ပြေးဆွဲ နိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားရန်၊ ဝန်ထမ်းမိသားစုများအား ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးသွားရန်၊ လမ်းပိုင်းအလိုက် တံတားကြီးများတွင် လည်း ရေကင်းစောင့်များ စနစ်တကျ ချထားရန်နှင့် ရေတက်ရောက်မှု အခြေ အနေကို အချိန်နှင့်တစ်ပြေးညီ ပြန်လည် တင်ပြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။
သတင်းစဉ်

No comments:

Post a Comment