Monday, July 30, 2018

မွန်ပြည်နယ် ဘီးလင်းမြို့နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ



Image may contain: 11 people, people standing and indoor
 ကျောက်တံခါး ဇူလိုင် ၂၉


 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယမန်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့်အတူ ဘီးလင်းမြို့ ယာယီ ရေဘေးရှောင်စခန်းများရှိ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး လိုအပ်သော ဆန်ရိက္ခာ ဖိုး၊ စားသုံးဆီ၊ ငါးသေတ္တာနှင့် လူမှုရေးအကူအညီများ ပေးအပ်ခြင်း၊ ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေစဉ် ပျောက်ဆုံးခဲ့သော တပ်မတော်သားသုံးဦးအတွက် ထောက်ပံ့ ငွေများပေးအပ်ခြင်း၊ စက်တပ်လှေငါးစင်း ပေးအပ်ခြင်းနှင့် ရေဘေးခိုလှုံရာအဆောက်အအုံ (cyclone shelter) နှစ်လုံး ဆောက်လုပ်ရန်တို့ကို စီစဉ်ဆောင်ရွက်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘီးလင်း မြို့ပေါ်ရှိ သာသနဝိပုလ္လကာရီဘုန်းတော်ကြီးကျောင်းနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ် ထားသော ရေဘေးရှောင်စခန်းရှိ ရေဘေးသင့်ပြည်သူများ အား ဆန်ရိက္ခာဖိုး၊ စားသုံးဆီ၊ ငါး သေတ္တာနှင့် လူမှုရေးအကူ အညီများ ထောက်ပံ့ပေးပြီး ကိုယ်ဝန်ဆောင်များနှင့် ကလေး ငယ်များအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့ ကွင်းချောင်းဝကျေးရွာ ဆေးချောင်းဝဘုန်းတော်ကြီးကျောင်း တွင် ရောက်ရှိနေသော ရေဘေးရှောင်ပြည်သူများအား တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ဆန်ရိက္ခာဖိုးများ၊ ကိုယ်ဝန်ဆောင် များနှင့် မွေးကင်းစကလေးများအတွက် စုစုပေါင်း ထောက်ပံ့ ပေးငွေကျပ်သိန်း ၁၁ဝ ကျော်ကို ပေးအပ်သည်။
ဆက်လက်၍ ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့ရှိ စစ်တောင်းမြစ်ရေကာတာ ရေတိုးဝင်မှုအခြေအနေကို ကြည့်ရှုပြီး ရေကာတာကြံ့ခိုင်မှုအတွက် စုပေါင်း၍ ပြုပြင် ထိန်းသိမ်းဆောင်ရွက်နေကြသော ပြည်သူများကို ကျေးဇူးတင် အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ သည်။
ထို့နောက် ကျောက်ကြီးမြို့နယ် မိုးကုတ်ဝိပဿနာ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသော ယာယီရေဘေး ရှောင်စခန်းရှိ ရေဘေးသင့်ပြည်သူများအား အားပေးစကား ပြောကြားပြီး ဆန်ရိက္ခာဖိုးများ၊ မသန်စွမ်းများ၊ ကိုယ်ဝန် ဆောင်များ၊ မွေးကင်းစကလေးများနှင့် ကျောင်းသားကျောင်းသူ များအတွက် ထောက်ပံ့ငွေ စုစုပေါင်း ငွေကျပ် ၅၉ သိန်းကျော် ကို ပေးအပ်သည်။
သတင်းစဉ်

No comments:

Post a Comment