Sunday, July 1, 2018

(၇၁)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပမည့် အာဇာနည်ဗိမာန်မွမ်းမံပြင်ဆင်နေမှုပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ ကြည့်ရှုစစ်ဆေး

Image may contain: 11 people, people smiling, people sitting, people standing and indoor

ရန်ကုန် ဇွန် ၃ဝ
၂ဝ၁၈ ခုနှစ် (၇၁)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန် အစည်းအဝေးခန်းမ၌ ယနေ့ညနေ ၄ နာရီတွင် ပြုလုပ်သည့် (၇၁)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး အစည်းအဝေးအခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် (၇၁)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကျင်းပရေးလုပ်ငန်းကော်မတီ၏ ဆောင်ရွက်နေမှုများကို အသေးစိတ်ဆွေးနွေးတင်ပြသည်။
ထို့နောက် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကို Power Point ဖြင့် ရှင်းလင်းတင်ပြရာ (၇၁)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အာဇာနည်ဗိမာန်သို့သွားရောက်၍ အာဇာနည်ဗိမာန် မွမ်းမံ ပြင်ဆင်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဗိုလ်ချုပ်ပြတိုက်လမ်း (တာဝါလိန်းလမ်း)ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ရောက်ရှိရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကို အများပြည်သူများကြည့်ရှုနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေမှုနှင့်
ု ခင်းကျင်းပြသထားမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက အာဇာနည်နေ့အခမ်းအနားတွင် ဗိုလ်ချုပ်ပြတိုက် ခင်းကျင်းပြသမှုအား အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ရေး၊ လုံခြုံရေးကျိုးပေါက်မှု မရှိစေ ရေးတို့အတွက် သက်ဆိုင်ရာကော်မတီ၊ ဆပ်ကော်မတီများနှင့် ပေါင်းစပ် ဆောင်ရွက်ရေး၊ ယခင်နှစ်က ကြုံတွေ့ခဲ့သော အားနည်းချက်များအား ပြုပြင် ဆောင်ရွက်ရေးနှင့် လုပ်ငန်းအားလုံး လစ်ဟာမှုမရှိစေရေး အလေးထား ဆောင်ရွက်သွားရန် မှာကြားသည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်ချုပ်ပြတိုက်လမ်း(တာဝါလိန်းလမ်း)ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို တနင်္လာနေ့နှင့် အစိုးရရုံးပိတ်ရက်မှလွဲ၍ ကျန်နေ့ရက်များတွင် နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိ ပုံမှန် ဖွင့်လှစ်ပြသလျက်ရှိသည်။
၂ဝ၁၈ ခုနှစ် (၇၁)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအတွက် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)ကို ဇူလိုင် ၁၉ ရက်မှ ၂၁ ရက်အထိ နေ့စဉ်နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ပြသသွားရန် စီစဉ် လျက်ရှိသည်။
ထိုသို့ ဖွင့်လှစ်ပြသနိုင်ရန်အတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ အထူးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးညွန့်မောင်စန်းနှင့်အဖွဲ့က ဗိုလ်ချုပ် အောင်ဆန်းပြတိုက်၏ ကြံ့ခိုင်မှုကိုစစ်ဆေးခဲ့ရာ အဆိုပါအဆောက်အအုံမှာ ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုနေထိုင်ရန်သာ ဆောက်လုပ်ထားသော အဆောက်အအုံဖြစ်ခြင်း၊ သက်တမ်းအားဖြင့် ၉၇ နှစ် ရှိပြီဖြစ်ခြင်း၊ ပထမ ထပ်မှာ ကြံ့ခိုင်မှုအားနည်းခြင်းတို့ကြောင့် ဘေးအန္တရာယ်ရှိနိုင်ကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်။ အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ ၂ဝ၁၇ ခုနှစ် နှစ် (၇ဝ)ပြည့် အာဇာနည်နေ့ တစ်ရက်တည်းတွင် လေ့လာကြည့်ရှုသူပြည်သူ ၃၂၂၆၈ ဦးရှိခဲ့သဖြင့် ယခုနှစ်အတွက် အဆောက်အအုံ၏ ခံနိုင်ဝန်နှင့် ကြံ့ခိုင်မှုအရ ဘေးအန္တရာယ်ရှိနိုင်ကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၏ အကြံပြုချက်အရ ၂ဝ၁၈ ခုနှစ် (၇၁)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ဇူလိုင် ၁၉ ရက်မှ ၂၁ ရက်အထိ အဆိုပါပြတိုက် မြေညီထပ်ကိုသာ အများပြည်သူများ ဝင်၊ ထွက် ကြည့်ရှုစေပြီး ပထမထပ်ရှိ ပြခန်းများခင်းကျင်းထားရှိမှုကိုနီ သြမေိ ဖြင့် ခြံဝင်းအတွင်း၌ ပြသရန်စီစဉ်ထားရှိကြောင်းနှင့် ဇူလိုင် ၂၂ ရက်မှစ၍ တနင်္လာနေ့နှင့် အစိုးရ ရုံးပိတ်ရက်မပါ ကျန်နေ့များတွင် သတ်မှတ်အချိန်အတိုင်း ပြတိုက်၏ မြေညီထပ် နှင့် အပေါ်ထပ်ကို ပုံမှန်အတိုင်း ဖွင့်လှစ်ပြသသွားရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment