
ရန်ကုန် ဇွန် ၃ဝ
တစ်နှစ်လျှင် ခရီးသည်သန်း ၂ဝ အထိဝန်ဆောင်မှုပေးနိုင်သည့် မြန်မာနိုင်ငံ၏အကြီးဆုံး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၂ဝ၁၈ ခုနှစ်အတွက် သုံးသန်းမြောက် ကံထူးရှင်ခရီးသည်အဖြစ် ဇွန် ၂၉ ရက်တွင် စင်ကာပူနိုင်ငံမှ တစ်ဆင့် ရောက်ရှိလာသည့် ဘရာဇီးနိုင်ငံသား Mr.Jefferson Oliveri Costa အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အခမ်းအနားဖြင့်ကြိုဆို ခဲ့ကြောင်း သိရသည်။
သုံးသန်းမြောက်ခရီးသည်အဖြစ် ရောက်ရှိလာသည့် ဘရာဇီးနိုင်ငံသား အား ကြိုဆိုဂုဏ်ပြုခြင်းအထိမ်းအမှတ်အနေဖြင့်Mr. Costa အား မြန်မာ ငွေကျပ်တစ်သန်းနှင့် အခြားမြန်မာငွေကျပ် တစ်သန်းတန်ဖိုးရှိ ခရီးသွားအသုံး အဆောင်ပစ္စည်းများကို အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ချီးမြှင့်ခဲ့ သည်။ ခရီးသွားအသုံးအဆောင်ပစ္စည်းများတွင် နေပြည်တော်ရှိ Horizon Lakeview Hotel and Resort တွင် နှစ်ညတာ အခမဲ့အနားယူခွင့်အပါအဝင် ခရီးသွားအသုံးအဆောင်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။
ထိုသို့ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီးချိန် တွင် Mr. Costa က ''ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ့ သုံးသန်းမြောက်ခရီးသည် ဒီနေ့မှာ ပြည့်သွား တဲ့အတွက် ဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်၊ အခုလို ကံထူးရှင်ခရီးသည်အဖြစ် ရွေးချယ်ခံရတဲ့အတွက် ရင်ခုန်စရာကောင်းပြီး ဝမ်းသာမိပါတယ်၊ မြန်မာနိုင်ငံရဲ့ ဧည့်ဝတ်ပျူငှာမှုက မြန်မာနိုင်ငံကို ခရီးသွားတွေ ပိုမို လာရောက်လည်ပတ်ကြမယ်လို့ မျှော်လင့်ပါတယ်'' ဟု ပြောကြားသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သုံးသန်း မြောက် ခရီးသည်အဖြစ် ရောက်ရှိလာခဲ့သည့် ဘရာဇီး နိုင်ငံသား Mr. Costa သည်Jetstar Asia လေကြောင်း လိုင်းဖြင့် ဇွန် ၂၉ ရက် နံနက် ၁ဝ နာရီ ၂၅ မိနစ်တွင် စင်ကာပူနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ထိုသို့Jetstar Asia လေကြောင်းလိုင်းဖြင့် ရောက်ရှိလာခဲ့ခြင်းကြောင့်ဲJetstar Asia လေကြောင်းမှ အမှုဆောင်အရာရှိချုပ် Mr.Bara Pasupathiက ''ကျွန်တော်တို့အနေနဲ့ ၂ဝ၁၅ ခုနှစ်ကတည်းကစပြီး စင်ကာပူနဲ့ ရန်ကုန်ကို ပြေးဆွဲ ပျံသန်းပေးနေတဲ့ စရိတ်နည်း လေကြောင်းလိုင်းတစ်ခု ဖြစ်တဲ့အတွက် ဒီမြို့နှစ်မြို့ကို ကူးသန်းသွားလာနေတဲ့ ခရီးသွားသည်တွေ၊ မိသားစုနဲ့ ဆွေမျိုးတွေဆီကို လာရောက်လည်ပတ်ကြသူတွေအတွက် ပိုမိုအဆင်ပြေ ချောမွေ့စေရေး ဆက်သွယ်ဆောင်ရွက်ပေးလျက်ရှိပါ တယ်၊ စင်ကာပူနဲ့ ရန်ကုန်ကို ပျံသန်းသွားလာကြတဲ့ ခရီးသွားပေါင်း ၁ ဒသမ ၅ သန်းနီးပါးကို ဝန်ဆောင်မှု ပေးခဲ့ပြီးတာနဲ့အညီ သြစတြေးလျ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံတွေက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ခရီးသွား တွေအပါအဝင် ခရီးသည်အများအပြားဟာ မြန်မာနိုင်ငံကို စင်ကာပူကနေတစ်ဆင့် ပိုမိုပျံသန်းသွားလာနေကြတာကို တွေ့ရပါတယ်''ဟု ပြောကြားသည်။
လက်ရှိတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သည် ပြည်တွင်းလေကြောင်းလိုင်းရှစ်လိုင်းနှင့် အပြည်ပြည် ဆိုင်ရာ လေကြောင်းလိုင်း ၂၈ လိုင်းဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိပြီး ၂ဝ၁၆ ခုနှစ်တွင် ခရီးသည်ပေါင်း ၅ ဒသမ ၄၅ သန်းကို ဝန်ဆောင်မှုပေးနိုင်ခဲ့ကာ ၂ဝ၁၇ ခုနှစ် တွင် ခရီးသည်ပေါင်း ၅ ဒသမ ၉၂ သန်းကို ဝန်ဆောင်မှု ပေးခဲ့ခြင်းကြောင့် ၈ ဒသမ ၄၈ ရာခိုင်နှုန်း တိုးမြှင့် ဝန်ဆောင်မှုပေးနိုင်ခဲ့ကြောင်း သိရသည်။ ၂ဝ၁၈ ခုနှစ် တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ဝန်ဆောင်မှု ကောင်းမွန်မှုကြောင့် ၇ ဒသမ ၂ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဖြစ်ကြောင်းလည်း ကမ္ဘာ့ဘဏ်က ခန့်မှန်း ထားကြောင်း သိရသည်။
ကြေးမုံ
No comments:
Post a Comment