Saturday, June 23, 2018

ဆက်သွယ်ရေးအော်ပရေတာ Mytel မှ နှစ်ဘီလီယံခန့် ရင်းနှီးမြှုပ်နှံရန် မျှော်မှန်းထားဟုဆို

Image may contain: 3 people, people sitting and table
ရန်ကုန် ဇွန် ၂၂
မြန်မာနိုင်ငံ၏ လေးခုမြောက် ဆက်သွယ်ရေးအော်ပရေတာ ဖြစ်သည့် Telecom International Myanmar Company Limited (Mytel) သည် တစ်ဘီလီယံကျော် လက်ရှိရင်းနှီးမြှုပ်နှံထားပြီး နောက်ပိုင်းတွင် နှစ်ဘီလီယံခန့် ရင်းနှီးမြှုပ်နှံရန် မျှော်မှန်းထားကြောင်း ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ ပြုလုပ် သည့် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် Mytel ၏ ပြင်ပ ဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးက ပြောကြားသည်။
''Mytel နဲ့ပတ်သက်ပြီး အခုအချိန်မှာ တော်တော် များများက သိချင်နေကြတယ်၊ ဒါကြောင့် ဒီနေ့မှာ မီဒီယာနဲ့တွေ့ပြီး ဒီပွဲလေး စလုပ်တာဖြစ်ပါတယ်၊ ပထမ အနေနဲ့ကတော့ အခွန်ပါပဲ၊ တိုင်းပြည်မှာအရေးကြီးတယ်၊ လူတိုင်းလည်း ဆောင်တယ်၊ ကျွန်တော်တို့လည်း ဆောင်ရ ပါတယ်၊ နောက်တစ်ခုက ဆားဗစ်ပိုင်းကို အကောင်းဆုံး လုပ်ထားတယ်၊ ပိုကောင်းအောင်လည်း လုပ်နေပါတယ်၊ ဒီနေ့အချိန်အထိ သုံးစွဲသူတစ်သန်းကျော်သွားပြီ''ဟု ဦးဇော်မင်းဦးက ပြောသည်။
ဖုန်းနံပါတ်နှင့်ပတ်သက်၍ဦးဇော်မင်းဦးက ''ကျွန်တော် တို့ ဈေးကွက်ထဲဝင်တဲ့အချိန်မှာ ကျန်နေတဲ့နံပါတ်က ဝ၉၆ ပဲ ကျန်တော့တာပါ၊ သူများတွေက ဝ၉၇ဝ၉၈ နောက် ဝ၉၇၉၊ဝ၉၇၇ အဲလိုပါပဲ၊ ကျွန်တော်တို့လည်း ၆၉ နဲ့စပြီး နောက်မကြာခင်မှာ ၆၈ ပြီးရင် ၆၇ လာမယ်၊ ပြီးရင် ဝ၉၆၆ လာပါမယ်''ဟု ပြောသည်။
ထို့အပြင် Mytel အနေဖြင့် ပညာရေးနှင့်ပတ်သက် သည့် ကျောင်းများတွင်အင်တာနက်ရရှိစေရန် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း Mobile Money နှင့် ပတ်သက်၍ မကြာခင်ဈေးကွက်ထဲ၌ တွေ့မြင်ရမည်ဖြစ် ကြောင်း ၎င်းကပြောသည်။
အဆိုပါ ဆက်သွယ်ရေးအော်ပရေတာ Mytel ကို မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန မြန်မာ့စီးပွားရေးကော်ပိုရေး ရှင်းကိုယ်စားပြု စတားဟိုက်ကုမ္ပဏီမှ ၂၈ ရာခိုင်နှုန်း၊ Myanmar National Telecom Holding Publicကုမ္ပဏီလီမိတက်မှ ၂၃ ရာခိုင်နှုန်းနှင့် ပြည်ပမှ ၄၉ ရာခိုင် နှုန်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ
ဇာနည်မောင်၊ အေးမင်းသူ

No comments:

Post a Comment