
၂ဝ၁၈ ရာသီMNLအမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၁၇)ကို ဇွန် ၂၃၊ ၂၄ ရက်တို့တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး အသင်းကြီးအများစု ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။ ယခုတစ်ပတ်ပွဲများတွင် ပရိသတ်စိတ်ဝင်စားမှု အများဆုံး နှင့် အကောင်းဆုံးပွဲဖြစ်လာနိုင်သည့်ပွဲမှာ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်နှင့် ထိပ်ဆုံးမှ ရန်ကုန်အသင်းတို့ ထိပ်တိုက်တွေ့ဆုံသည့်ပွဲ ဖြစ်လာနိုင်သည်။
ပွဲစဉ်(၁၇)အဖြစ် ဇွန် ၂၃ ရက်တွင် တောင်ကြီး ကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်အသင်း၊ သုဝဏ္ဏကွင်း၌ ဇွဲကပင်အသင်းနှင့် ရတနာပုံအသင်း၊ ပုသိမ်ကွင်း၌ ဧရာဝတီအသင်းနှင့် မကွေးအသင်း၊ ဇွန် ၂၄ ရက်တွင် သုဝဏ္ဏကွင်း၌GFAအသင်းနှင့် ရခိုင် အသင်း၊ မုံရွာကွင်း၌ စစ်ကိုင်းအသင်းနှင့် မြဝတီအသင်း၊ မော်လမြိုင်ကွင်း၌ှSouthern အသင်းနှင့် ဟံသာဝတီ အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပွဲစဉ်(၁၆)အပြီးတွင် ရန်ကုန်အသင်းက ၃၅ မှတ်ဖြင့် ဦးဆောင် နေပြီး ရှမ်းယူနိုက်တက်အသင်းက ၃၃ မှတ်၊Southern အသင်းနှင့် မကွေးအသင်းတို့က ၂၅ မှတ်စီ၊ ရတနာပုံ အသင်းက ၂၄ မှတ်၊ ဟံသာဝတီအသင်းက ၂၂ မှတ်၊ ရခိုင်အသင်းက ၂၁ မှတ်၊ ဇွဲကပင်အသင်းက အမှတ် ၂ဝ၊ ဧရာဝတီအသင်းက ၁၉ မှတ်၊ စစ်ကိုင်းအသင်းက ၁၅ မှတ်၊GFA အသင်းက ၁၄ မှတ်၊ မြဝတီအသင်းက နှစ်မှတ် ရထားသည်။ ယခုတစ်ပတ်တွင် အမှတ်ပေးဇယားထိပ်ပိုင်းမှ အသင်းများ ပွဲကျပ်ကစားရမည်ဖြစ်ပြီး ရှမ်းယူနိုက်တက် နှင့် ရန်ကုန်အသင်းတို့၏ ထိပ်တိုက်တွေ့ဆုံမှုကို တတိယ နေရာမှSouthernအသင်း၊ စတုတ္ထနေရာမှ မကွေး အသင်း၊ ပဉ္စမနေရာမှ ရတနာပုံအသင်းတို့ အခွင့်အရေး ယူနိုင်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ရမည်ဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းသည် ယခုရာသီတွင် အမှတ်ပေးဇယားကို ပထမဆုံး ဦးဆောင်ခွင့်ရရန် အခွင့် အရေးဖြစ်ပြီး နိုင်ပွဲရပါက ထိပ်ဆုံးနေရာကို ရယူနိုင်မည် ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်း အနိုင်ရပါက ချန်ပီယံ ဆုအတွက် ပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာနိုင်သလို ချန်ပီယံဆု ကာကွယ်နိုင်ရန် အခွင့်အရေးများသွားမည်ဖြစ်သည်။ ရန်ကုန်အသင်းအနိုင်ရပါက ချန်ပီယံဆုအတွက် ရာခိုင်နှုန်း များသွားမည်ဖြစ်ပြီး သရေကျပါက လက်ကျန်ပွဲများမှာ ပိုမိုအရေးပါလာမည်ဖြစ်သည်။
နှစ်ပွဲဆက်နိုင်ပွဲမရသေးသည့် ရတနာပုံအသင်း၊ ဒုတိယအကျော့တွင် နိုင်ပွဲမရသေးသည့် မကွေးအသင်းတို့ အဝေးကွင်းပွဲကျပ်ကစားရမည်ဖြစ်ရာ နိုင်ပွဲအတွက် ထပ်မံ ရုန်းကန်ရဖွယ်ရှိနေသည်။ တတိယနေရာသို့ ပထမဆုံး တက်ရောက်နိုင်ခဲ့သည့်Southernအသင်းသည် အိမ်ကွင်း၌ ဆက်လက်ကစားရမည်ဖြစ်သော်လည်း ဟံသာဝတီနှင့် တွေ့ဆုံနေသောကြောင့် နိုင်ပွဲရရန် ရုန်းကန်ရဖွယ် ရှိနေသည်။
သတင်း- ရှိုင်းထက်ဇော်
ဓာတ်ပုံ- စိုးညွန့်
ဓာတ်ပုံ- စိုးညွန့်
No comments:
Post a Comment