Tuesday, June 26, 2018

ဝင်ငွေအကောင်းဆုံးသောရုပ်ရှင်Jurassic World: Fallen Kingdom

Image may contain: one or more people and outdoor
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြောက်အမေရိကမှာ ရုံတင်ပြသခဲ့ကြတဲ့ ရုပ်ရှင် တွေအနက် စိတ်ကူးယဉ်သိပံ္ပဇာတ်လမ်းတွဲအမျိုးအစား ''Jurassic World: Fallen Kingdom''က ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့ကြောင်း မေးအွန်လိုင်း ဒေါ့ကွန်းမှာ ရေးသားဖော်ပြခဲ့တာ တွေ့ရပါတယ်။
ဇွန် ၂၂ ရက်က စတင်ရုံတင်ခဲ့တဲ့ ''Jurassic World: Fallen Kingdom'' ဟာ အဖွင့်သီတင်းပတ်အကုန်မှာတော့ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၅ဝ ခန့် ရရှိခဲ့တာဖြစ်ပါတယ်။ ဒိုင်နိုဆောတွေနဲ့ လူသားတွေအကြားက တိုက်ပွဲတွေကို ဇာတ်လမ်းဆင်ထားတဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းမျိုးဖြစ်တဲ့ ''Jurassic World'' ဇာတ်လမ်းတွဲတွေရဲ့ နောက်ဆုံးထုတ်လွှင့်ပြသခဲ့တဲ့ ယင်းရုပ်ရှင်ဟာ အဖွင့်သီတင်းပတ်မှာ အပြိုင်ပြသခဲ့ကြတဲ့ ရုပ်ရှင်တွေရဲ့ဝင်ငွေကို ကျော်လွန်ကာ နံပါတ်တစ်နေရာမှာ ရပ်တည်နိုင်ခဲ့ပေမယ့် ၂ဝ၁၅ ခုနှစ်အတွင်း ပြသခဲ့တဲ့ ''Jurassic World'' ရုပ်ရှင်ရဲ့ အဖွင့်သီတင်းပတ်ဝင်ငွေကိုတော့ မယှဉ်နိုင်ခဲ့ပါဘူး။ ယင်းရုပ်ရှင်ဟာ တစ်ပတ်အတွင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၂ဝ၈ ဒသမ ၈ သန်း ရရှိခဲ့ပြီး ဝင်ငွေအကောင်းဆုံးအဖြစ် စံချိန်တင်ထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒိုင်နိုဆောရုပ်ရှင်တွေရဲ့ စတုတ္ထနဲ့ ပဉ္စမမြောက် ရုပ်ရှင်နှစ်ကားဟာ ယူနီဗာဆယ်ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပြည်တွင်းမှာ ဝင်ငွေ အကောင်းဆုံးရရှိခဲ့တဲ့ ရုပ်ရှင်တွေလည်း ဖြစ်ကြပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နံပါတ်တစ်နေရာကို ရယူနိုင်ခဲ့တဲ့ ''Incredibles 2'' ရုပ်ရှင်ဟာ ဒီသီတင်းပတ်မှာတော့ နံပါတ်နှစ်နေရာကို ဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ရုပ်သံဖန်တီးမှုရုပ်ရှင်ဖြစ်တဲ့ ''Incredibles 2''ကတော့ မြောက်အမေရိကားမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၈ဝ ဒသမ ၉ သန်း ရရှိခဲ့တာဖြစ်ပါတယ်။
တတိယနေရာမှာတော့ တစ်ပတ်အတွင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၇ သန်း ရရှိခဲ့တဲ့ ''Ocean's 8'' က ရပ်တည်နေပါတယ်။ နာမည် ကျော်အမျိုးသမီးသရုပ်ဆောင် ရှစ်ဦး ဦးဆောင်ပါဝင်ထားတဲ့ ယင်းရုပ်ရှင် ဟာလည်း စတင်ပြသခဲ့တဲ့ သီတင်းပတ်မှ လက်ရှိအချိန်အထိ ဝင်ငွေ အကောင်းဆုံးသော ရုပ်ရှင် ၁ဝ ကားစာရင်းမှာ အမြဲပါဝင်နေတာ ဖြစ်ပါတယ်။
အေးပြည့်

No comments:

Post a Comment