Tuesday, June 26, 2018

စိမ်းစားပင်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

Image may contain: one or more people and indoor
နေပြည်တော် ဇွန် ၂၅
နေပြည်တော် ဥတ္တရခရိုင် ဇေယျာသီရိမြို့နယ် မအူတောကျေးရွာအုပ်စု စိမ်းစားပင်ကျေးရွာ
အောင်မြေဘုံရတနာ ဘုန်းတော်ကြီးကျောင်းတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကြီးမှူး၍ ''ကျေးလက်ဒေသ ဖွံ့ဖြိုးရေး'' ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောရွှေမောင်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်မြင့် ခိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကံဝင်းနှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဌာနမှ ဦးစီးအရာရှိ ဦးစောသတော၊ မြို့နယ်ဆည်မြောင်းမှ ဦးစီးအရာရှိ ဦးအောင်အောင်စိုးတို့က ဦးဆောင်ကာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ ကျေးလက်လမ်းတံတားများ အဆင့်မြှင့်တင်ပေးနိုင်ရေး၊ လယ်ယာမြေပုံစံ ၇ နှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များ၊ ပညာရေးနှင့် ပုံစံ ၆၆ ပြုလုပ်ပေးမှုဆိုင်ရာ ကိစ္စရပ်များအပြင်ကျေးရွာအတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လိုအပ်ချက် များကို ကဏ္ဍအလိုက်ဆွေးနွေးကြသည်။
မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment