
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် ဖြစ်ပွားခဲ့ သောFDAမှ ဒုတိယကြီးကြပ်ရေးမှူး ဖြစ်သူ ဒဂုံမြို့နယ် ဦးဝိစာရရပ်ကွက်နေ မရွှေရည်ဝင်း(ခ)ရွှေရည် (၂၅)နှစ် အား သတ်၍ ပစ္စည်းများ ယူဆောင် ခဲ့သည့်အမှုမှ ပြစ်မှုကျူးလွန်သူ မျိုးဇော်ဦး(ခ)ဆီဒိုးနားအား ယနေ့ မွန်းလွဲပိုင်းက အရှေ့ပိုင်းခရိုင်တရား ရုံးက သေဒဏ်အမိန့်ချမှတ်ခဲ့ကြောင်း သိရ သည်။
အဆိုပါအမှုမှာ ဇန်နဝါရီ ၂၁ ရက် နံနက် ၇ နာရီခွဲတွင် ဒဂုံ(မြောက်)မြို့နယ် ၃၃ တိုးချဲ့ရပ်ကွက် ငါးမာန် အောင်ဘုရားလမ်း ငမိုးရိပ်ချောင်းဘေး ဖူဆယ်မိုးလုံလေလုံ အားကစားရုံအနီး ချောင်းရေကျော် တံတားအစပ်ရှိ ကုလားမန်ကျည်းပင်အောက်၌ အမျိုး သမီးတစ်ဦး ဒဏ်ရာများဖြင့် သေဆုံး နေကြောင်း သိရသဖြင့် ရဲတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ပြီး အမှုဖွင့်စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှု ကျူးလွန်သူ မျိုးဇော်ဦး(ခ)ဆီဒိုးနား အား စုံစမ်းဖော်ထုတ်ဖမ်းဆီးပြီး အရှေ့ပိုင်းခရိုင် တရားရုံးသို့ ရာဇသတ်ကြီးပုဒ်မ ၃၉၄/ ၃၇၆/ ၃၇၇/ ၃ဝ၂ ဖြင့် တရားစွဲတင်ပို့ခဲ့ရာ အရှေ့ပိုင်းခရိုင် တရားရုံးက ရာဇဝတ်ကြီးအမှုအမှတ်(၅၉/ ၂ဝ၁၈)ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ယနေ့မွန်းလွဲ ၁၂ နာရီ မိနစ် ၂ဝ တွင် မျိုးဇော်ဦး(ခ)ဆီဒိုးနားအား သေဒဏ် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ပွင့်သစ္စာ
No comments:
Post a Comment