Saturday, June 23, 2018

တိုင်းဒေသကြီးနှင့်ပြည်နယ်ရေကူးပြိုင်ပွဲ ဆုပေးပွဲကျင်းပ

Image may contain: 1 person, sitting and shoes
နေပြည်တော် ဇွန်၂၂
၂ဝ၁၈ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ရေကူးပြိုင်ပွဲနောက်ဆုံး ပွဲစဉ်များကို ဇွန်၂၂ ရက် နံနက် ၉ နာရီက နေပြည်တော် ဝဏ္ဏသိဒ္ဓိရေကူးကန်၌ ကျင်းပသည်။
ပြိုင်ပွဲများအပြီး ဆုပေးပွဲကျင်းပရာ အမျိုးသားတံခွန်စိုက် ဆုဖလား၊ အမျိုးသမီးတံခွန်စိုက်ဆုဖလားနှင့် စုပေါင်းတံခွန်စိုက် ဆုဖလားရရှိသော ရန်ကုန်တိုင်းဒေသကြီးအား အားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က လည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆု ရရှိကြသော ဘုန်းပြည့်စုံပိုင် (ရန်ကုန်)နှင့် ကံ့ကော်ဖူးညွန့် (ရန်ကုန်)တို့အား ဒိုင်ချုပ်ဦးသိန်းဝင်းက လည်းကောင်း ဆုချီးမြှင့် ပေးခဲ့ကြောင်း သိရသည်။
မောင်မောင်ဇော်

No comments:

Post a Comment