Tuesday, June 5, 2018

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်DIPDတို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

Image may contain: 4 people, people smiling, people standing
နေပြည်တော် ဇွန် ၎
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်Danish Institute for Parties and Democracy(DIPD)တို့အကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့ ညနေ ၃ နာရီခွဲတွင် နေပြည်တော် ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ အဖွဲ့ဝင် ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်၊ ဦးမြင့်နိုင်၊ ဦးသန်းဌေးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်အနေဖြင့် DIPDနှင့် ယခင်က ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများအား သင်တန်းများ ပို့ချခြင်း၊ ဒိန်းမတ်နိုင်ငံ၏ မြူနီစီပယ်ရွေးကောက်ပွဲ လေ့လာနိုင်ရန် စီစဉ်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ခြင်းဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များအား နိုင်ငံတကာ စံနှုန်းနှင့်အညီဖြစ်စေရန် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍DIPDအဖွဲ့၏ Chairperson of Board of Director Mr. Henrik Bach Mortensen ကDIPD အဖွဲ့သည် ဒိန်းမတ်နိုင်ငံရှိ နိုင်ငံရေးပါတီများက ပူးပေါင်းကူညီပံ့ပိုးပေးသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်လျှောက်လှမ်းရာတွင် နိုင်ငံရေးပါတီများ၏ ပူးပေါင်းဆောင်ရွက်မှုစွမ်းရည် မြှင့်တင်ရေးနှင့် နိုင်ငံရေးတွင် လူငယ်များ၊ အမျိုးသမီးများ ပိုမိုပါဝင်လာစေရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးနိုင်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားသည်။
ယင်းနောက် နားလည်မှုစာချွန်လွှာအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးနှင့် DIPD အဖွဲ့မှ Director Mr. Rasmus Helveg Petersen တို့က လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment