Tuesday, June 5, 2018

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အစည်းအဝေးကျင်းပ

Image may contain: 1 person, indoor
နေပြည်တော် ဇွန် ၎
ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟို အဖွဲ့ အမှတ်စဉ်(၁/၂ဝ၁၈) အစည်း အဝေးကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ တွဲဖက် အတွင်းရေးမှူး ငွေကြေးဆိုင်ရာ မှုခင်းတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် ကျော်ဝင်း သိန်းက အမျိုးသားအဆင့် ဆုံးရှုံးနိုင် ခြေအန္တရာယ် အကဲဖြတ်ရေးအစီရင် ခံစာနှင့်ပတ်သက်၍ ဆောင်ရွက်ထား ရှိမှု၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေအား ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်နှင့် ဥပဒေပြင်ဆင်ရေးဆွဲ ရေး ကော်မတီတို့ ပူးပေါင်းရေးဆွဲနေမှု တို့ကို ရှင်းလင်းတင်ပြပြီးနောက် တက်ရောက်လာသူများက ဖြည့်စွက် ဆွေးနွေးကြသည်။
အစည်းအဝေးသို့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ အဖွဲ့ဝင် ၁၅ ဦး၊ အထူးဖိတ်ကြားထားသူ ငါးဦး စုစုပေါင်း ၂ဝ တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment