
ကမ္ဘာကျော်တေးသံရှင်တစ်ဦးဖြစ်တဲ့ ဆွမ်မန်း ဒပ်စ်က လက်ရှိကမ္ဘာ့အအောင်မြင်ဆုံးသော အမျိုးသားတေးဂီတအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ''BTS''နဲ့ တွဲဖက်ဖန်တီးသွားမယ့် တေးသီချင်း တစ်ပုဒ်ကို အောင်မြင်အောင်လုပ်ဆောင်သွား မှာဖြစ်ကြောင်း လတ်တလောမှာ ကတိပြုခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အနောက်နဲ့ အရှေ့ရဲ့ နာမည်ကျော်တေးသံရှင်တွေ တွဲဖက်ဖန်တီး မှုဟာ ပရိသတ်ရှေ့ရောက်လာမှာဖြစ်ကြောင်း အတည်ပြုလိုက်တာဖြစ်တယ်လို့ အောကေ ပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အသံလွှင့် အစီအစဉ်တစ်ခုဖြစ်တဲ့ ''The Roz And Mocha Show'' မှာ ဆွမ်မန်းဒပ်စ်က ''BTS''နဲ့ တွဲဖက်ဖန်တီးသွားမယ့် တေးသီချင်း အကြောင်း ပြောကြားခဲ့တာပါ။ ဒီအစီအစဉ်မှာ တော့ ဆွမ်မန်းဒပ်စ်က သူ့ဘက်က တေး သီချင်းရေးသားမှုတွေ မစတင်ရသေးပေမယ့် တွဲဖက်ဖန်တီးသွားမှာဖြစ်ကြောင်းကိုတော့ ကတိပြုပါတယ်လို့ ပြောကြားခဲ့တာဖြစ်ပါ တယ်။
ဆွမ်မန်းဒပ်စ်က ''သူတို့ (BTS) ဟာ အတူတွဲဖက်လုပ်ကိုင်ဖို့ ခက်ခဲပါတယ်၊ သူတို့ ဟာ အလွန်အလုပ်များကြပါတယ်၊ ကျွန်တော့်မှာလည်း သူတို့နဲ့တွဲဖက်သီဆိုမယ့် တေးသီချင်းအတွက် အခုထိ တေးစာသားတွေ မရှိသေးပါဘူး၊ ဒါပေမယ့် ပူးပေါင်းဖန်တီးမှု ကတော့ ဖြစ်လာမှာပါ၊ ကျွန်တော်ကတိပေး ပါတယ်''လို့ ဆိုခဲ့ပါတယ်။
ဒီလို တွဲဖက်ဖန်တီးထားတဲ့ တေးသီချင်း ပရိသတ်ရှေ့ ရောက်လာမယ့်အချိန်ကို မေးမြန်းခဲ့ရာမှာတော့ ဆွမ်မန်းဒပ်စ်က တေးသီချင်းစာသားတွေ မရေးရသေးတဲ့အပြင် ညှိနှိုင်းမှုတွေလည်း မလုပ်ရသေးတာကြောင့် ထွက်ရှိမယ့်ရက် မသတ်မှတ်နိုင်သေးကြောင်း၊ ''BTS''အဖွဲ့ကိုရော သူတို့ရဲ့ ပရိသတ်တွေ ကိုပါ အလွန်နှစ်သက်တာကြောင့် တေးသီချင်း ပူးပေါင်းဖန်တီးမှုကို ဖြစ်အောင်လုပ်မှာဖြစ် ကြောင်းလည်း ထပ်မံကတိပေးခဲ့တယ်လို့ လည်း သိရပါတယ်။
အေးပြည့်
No comments:
Post a Comment