Friday, June 22, 2018

ထန်းတပင်မြို့နယ် ကျွန်းငူ ကုက္ကိုဝမြစ်ကမ်း အချိန်မရွေး ကမ်းပြိုနိုင်

Image may contain: 2 people, outdoor and water
ရန်ကုန် ဇွန် ၂၁
ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင် မြို့နယ် ကျွန်းငူကုက္ကိုဝမြစ်ကမ်းနား သည် ယခုအခါ မြစ်ရေတိုက်စား
သဖြင့် အချိန်မရွေး ကမ်းပြိုကျ
နိုင်သည့် အနေအထားဖြစ်ပေါ်နေ သောကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်း၊ မြို့နယ်ရဲတပ်ဖွဲ့ မှူးရဲမှူးကျော်ဝင်း၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒေါ်ခင်ခင်ဌေး၊ မြို့နယ်မီးသတ်ဦးစီး ဌာန ဦးစီးမှူး ဦးကျော်ခိုင်ထွန်းတို့ ပါဝင်သောအဖွဲ့သည် ဇွန် ၂ဝ ရက် နံနက် ၁ဝ နာရီက မြစ်ကမ်းပါး ပြိုကျ နိုင်မှုအခြေအနေကို သွားရောက်စစ် ဆေးခဲ့သည်။
အဆိုပါမြစ်ကမ်းပါးသည် ယခင် နှစ်များကလည်း မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပေါ်ခဲ့ပြီး မြစ်ကမ်းစပ်တွင် ကျောက်များချ၍ ကမ်းထိန်းနံရံတည် ဆောက်ခဲ့ပြီး ဖြစ်သော်လည်း ယခုနှစ်အတွင်း မြစ်ရေတိုက်စားသဖြင့် တဖြည်းဖြည်း ပြိုကျလာကာ အချိန် အခါမရွေးကမ်းပြိုကျနိုင်သည့် အနေ အထား ဖြစ်ပေါ်နေကြောင်း သိရ သည်။
ထို့ကြောင့် မြစ်ကမ်းနဖူးတွင် ဝါးတန်းများကာရံ၍ သတိပေး စာတန်းများ ကပ်ထားခြင်း၊ စက်လှေ ဆိပ်ကိုလည်း ဘေးလွတ်ရာတွင် ခရီးသည်များ အတက်အဆင်းပြုလုပ် စေခြင်း၊ ကမ်းပြိုတိုက်စားခြင်းမှ
ကာကွယ်နိုင်ရန် ကွန်ကရစ်ဘိုးပိုင်များ ဆောက်လုပ်နေမှု လုပ်ငန်းများကြည့်ရှု စစ်ဆေးပြီး လူနေအိမ်နှင့် ဈေးဆိုင် များ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ဖယ် ရှားစေရေး ညှိနှိုင်းဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)

No comments:

Post a Comment