Friday, June 29, 2018

မိုက်ကယ်ဂျက်ဆင်၏ဖခင် ဂျိုးဂျက်ဆင် (၈၉) နှစ်အရွယ်တွင် ကွယ်လွန်

Image may contain: 1 person, smiling, standing, hat and text
ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ပေါ့ပ်ဘုရင် မိုက်ကယ်ဂျက်ဆင်ရဲ့ ဖခင်ဖြစ်သူ ဂျိုးဂျက်ဆင်ဟာ လတ်တလောမှာ ပန်ခရိယက်ကင်ဆာနဲ့ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာတော့ အသက် (၈၉) နှစ်အရွယ်ရှိပြီဖြစ်ကာ မိသားစုဝင်တွေလည်း အနားမှာရှိနေခဲ့တာဖြစ်တယ်လို့ အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ဇွန် ၂၇ ရက်မှာ ဂျိုးဂျက်ဆင် ကွယ်လွန်ခဲ့တာဖြစ်ပြီး ဆေးရုံမှာ တက်ရောက်ကုသမှု ခံယူနေရတဲ့ ဂျိုးဂျက်ဆင်ကို ဆရာဝန်တွေက ဇွန် ၂၂ ရက်မှာ လက်လျှော့လိုက်တာဖြစ်တယ်လို့ လည်း သိရပါတယ်။
ဂျိုးဂျက်ဆင် ကွယ်လွန်ချိန်မှာ အချို့သော မိသားစုဝင်တွေက သူ့အနားမှာ ရှိခွင့်မရတဲ့ အပြင် သူရှိနေတဲ့ နေရာကိုပါ မသိရကြောင်း မီဒီယာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် မိုက်ကယ်ဂျက်ဆင်ရဲ့ သမီးဖြစ်သူ ပဲရစ်ဂျက်ဆင်ကတော့ သူနဲ့အတူ ရှိနေခဲ့တဲ့ အဘိုးဖြစ်သူရဲ့ နောက်ဆုံးအချိန်တွေကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင်ကို လူမှုကွန်ရက် မီဒီယာပေါ်ကနေတစ်ဆင့် ထုတ်ဖော်ပြသခဲ့တာကို တွေ့ရပါတယ်။
ဂျိုးဂျက်ဆင်ဟာ သားသမီး ၁၁ ဦး ရှိခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာ ကျန်းမာရေးမကောင်းမွန် ခဲ့ပါဘူး။ သူဟာ ၂ဝ၁၃ ခုနှစ်အတွင်း လေဖြတ်ခဲ့ပြီး ကုသမှုခံယူခဲ့ကာ ၂ဝ၁၅ ခုနှစ်အတွင်း နောက်တစ်ကြိမ် လေဖြတ်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ နှလုံးခေတ္တရပ်သွားတာကိုလည်း သုံးကြိမ်ခံစားခဲ့ရပါတယ်။ ယခုနှစ်နှစ်စပိုင်းမှာလည်း ယာဉ်တိုက်မှုဖြစ်ခဲ့တာကြောင့် ဆေးရုံ တက်ရောက်ခဲ့ကြောင်းလည်း သိရပါတယ်။
အေးပြည့်

No comments:

Post a Comment