Friday, June 29, 2018

ညောင်လေးပင်မြို့ ၌ နယ်လှည့်ခြေတုပြုပြင်ဆောင်ရွက်ပေး

Image may contain: 5 people, people sitting
ညောင်လေးပင် ဇွန် ၂၈
မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘားအံ
ခြေတုလက်တုဆိုင်ရာ ပြန်လည်သန်
စွမ်းရေးဌာနက ဒေသအနှံ့ ခြေတုရရှိ
ရေးအစီအစဉ်ဖြင့် နယ်လှည့်ခြေတုပြု
ပြင်ပေးခြင်းကို ဇွန် ၂၇ ရက် နံနက် ၈ နာရီခွဲမှစတင်၍ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ ပြည်သူ့ဆေးရုံ၌ နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့သည်။
ခြေတုပြုပြင်ပေးရာတွင် ဘားအံ
ခြေတုလက်တုဆိုင်ရာ ပြန်လည်
သန်စွမ်းရေးဌာနမှ ကွင်းဆင်းအရာရှိ ဦးထွန်းထွန်းအောင် ဦးဆောင်သော အဖွဲ့မှ မြို့နယ်ကြက်ခြေနီအသင်း၊ သက်
ဆိုင်ရာဒေသခံအုပ်ချုပ်ရေးတာဝန်ရှိသူ
များ၊ မြို့နယ်ကျန်းမာရေးဌာနမှတာဝန် ရှိသူများနှင့်ဆက်သွယ်ပြီး ခြေမသန်စွမ်း
သူ ၄၅ ဦးအား နေ့ချင်းပြီးပြုပြင်ဆောင်
ရွက်ပေးခဲ့သည်။
ယခင်က ခြေတုပြုလုပ်ထားသူများ ကို ပြန်လည် ပြုပြင်ပေးခြင်းဖြစ်ပြီး ခြေတုအသစ် ပြုလုပ်လိုသူများကို ဘားအံသို့ခေါ်ယူ၍ အသစ်ပြုလုပ်ပေး
မည်ဖြစ်ကာ ဌာနအနေဖြင့် ကယား
ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီ
တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်း ၁၁ မြို့နယ်နှင့် မွန်
ပြည်နယ်တို့၌ နယ်လှည့်ဆောင်ရွက်ပေး
လျက်ရှိကြောင်းသိရသည်။
ရဲမြန်မာ(ညောင်လေးပင်)

No comments:

Post a Comment