
မြောက်ကိုရီးယားနိုင်ငံသည် အဏုမြူလက်နက်ကင်းရှင်းဇုန် ဖော်ဆောင်မှုကို စတင်နေပြီဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားလိုက်ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက ဇွန် ၂၂ ရက် တွင် သတင်းထုတ်ပြန်သည်။
ဇွန် ၁၂ ရက် စင်ကာပူထိပ်သီးဆွေးနွေးပွဲတွင် သမ္မတထရန့်နှင့် ခေါင်းဆောင်ကြီးကင်တို့ သဘောတူညီမှုရရှိခဲ့သော်လည်း ဆွေးနွေးပွဲ ရလဒ်များအပေါ် ကမ္ဘာ့နိုင်ငံအချို့က သံသယပွားလျက်ရှိနေချိန်အတွင်း သမ္မတထရန့်က အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
မြောက်ကိုရီးယားသည် ယင်း၏စမ်းသပ်ရေးစခန်းများအနက် အဓိကကျသော စခန်းတစ်ခုကို ဖျက်သိမ်းပေးခဲ့ပြီးဖြစ်ကြောင်း၊ အဏု မြူလက်နက် ကင်းရှင်းရေးဇုန် ထူထောင်ရေးအတွက် အမှန်တကယ်ပင် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သမ္မတထရန့်က ဝန်ကြီးအဖွဲ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
အေအက်ဖ်ပီ
No comments:
Post a Comment