Wednesday, June 27, 2018

ပြင်သစ်နှင့် ဒိန်းမတ် ဂိုးမရှိသရေပွဲ ဖြစ်ခဲ့သော်လည်း အုပ်စုပထမနေရာဖြင့် ၁၆ သင်းအဆင့်သို့ ပြင်သစ်တက်လှမ်း

Image may contain: 4 people, people playing sports and outdoor
ပြင်သစ်အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်အဖြစ် ဒိန်းမတ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ဂိုးမရှိသရေပွဲဖြစ်ခဲ့သော်လည်း ပြင်သစ်အသင်းသည် ၁၆ သင်းအဆင့် သို့ အုပ်စုပထမနေရာဖြင့် တက်လှမ်းသွားခဲ့ပြီဖြစ်သည်။
ပြင်သစ်အသင်းသည် အုပ်စုအဆင့် ပထမနှစ်ပွဲကစားအပြီးတွင် နှစ်ပွဲစလုံးအနိုင်ရရှိခဲ့ခြင်းကြောင့် ရမှတ်ခြောက်မှတ်ရရှိထားခဲ့ပြီး ယခု ဒိန်းမတ်အသင်းနှင့် ပွဲစဉ်တွင် ဂိုးမရှိသရေကျခဲ့ကာ တစ်မှတ်စုဆောင်း နိုင်ခဲ့ခြင်းကြောင့် ရမှတ်ခုနစ်မှတ်ဖြင့် နောက်တစ်ဆင့်တက်လှမ်းခဲ့ ခြင်းဖြစ်သည်။
ပြင်သစ်အသင်းသည် သရေတစ်မှတ်ရရှိရုံဖြင့် နောက်တစ်ဆင့် ကို အုပ်စုပထမနေရာဖြင့် တက်လှမ်းနိုင်မည့် အခွင့်အရေးရှိခဲ့ခြင်း ကြောင့် ကစားသမားများကို အနာမခံဘဲ ထိန်းကစားခဲ့ခြင်းဖြစ်သည်။
ဒိန်းမတ်အသင်းမှာမူ ပီရူးအသင်းနှင့် ပွဲစဉ်တွင် တစ်ဂိုး-ဂိုးမရှိ ဖြင့် အနိုင်ရရှိခဲ့ပြီး သြစတြေးလျအသင်းနှင့် ပွဲစဉ်တွင် တစ်ဖက်တစ် ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့ကာ ရမှတ်လေးမှတ်ရရှိထားခဲ့သည့် အသင်းဖြစ်သည်။ ဒိန်းမတ်အသင်းသည် ယခုယှဉ်ပြိုင်ကစားခဲ့သည့် ပြင်သစ်အသင်းနှင့် ပွဲစဉ်တွင် ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့ခြင်းကြောင့် ရမှတ်ငါးမှတ်ဖြင့် နောက်တစ်ဆင့်သို့ အုပ်စုဒုတိယနေရာဖြင့် တက် လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ အုပ်စု(C)၏ အုပ်စုအဆင့်အခြားသော နောက်ဆုံးပွဲစဉ်ဖြစ်သည့် သြစတြေးလျအသင်းနှင့် ပီရူးအသင်းတို့၏ ပွဲစဉ်တွင် ပီးရူးအသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော်လည်း ပီးရူးနှင့် သြစတြေးလျအသင်းမှာ အုပ်စုအဆင့်နှင့်ပင် ပြိုင်ပွဲမှ ထွက် ခွာခဲ့ရသည်။
လက်ရှိအုပ်စု(C)တွင် ပြင်သစ်အသင်းနှင့် ဒိန်းမတ်အသင်းတို့ သည် ၁၆ သင်းအဆင့်သို့ တက်လှမ်းသွားခဲ့ပြီဖြစ်ရာ ပြင်သစ်အသင်း သည် အုပ်စု(D)မှ အုပ်စုဒုတိယနေရာဖြင့် တက်လာမည့်အသင်းနှင့် ထိပ်တိုက်တွေ့မည်ဖြစ်ပြီး ဒိန်းမတ်အသင်းမှာမူ အုပ်စု(D)မှ အုပ်စု ပထမနေရာဖြင့် တက်လှမ်းလာမည့်အသင်းနှင့် တွေ့ဆုံမည်ဖြစ်သည်။
ငွေကြယ်

No comments:

Post a Comment