Wednesday, June 27, 2018

ပဲခူးမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားကျင်းပ

Image may contain: 2 people, people standing and indoor
ပဲခူး ဇွန် ၂၆
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ 
အခမ်းအနားကို ပဲခူးမြို့ မြို့တော်ခန်းမ၌ ဇွန်
၂၆ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး
နှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့အတွင်းရေးမှူး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစိန်လွင်က မူးယစ်ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေထံမှ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး
အလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဆောင်းပါး၊ ဝတ္ထုတို၊ ပန်းချီ၊
ကာတွန်း၊ ပိုစတာပြိုင်ပွဲများတွင် ဆုရရှိသော ဗဟို
အဆင့် ကိုးဦး၊ တိုင်းဒေသကြီးအဆင့် ၃၃ ဦးနှင့်
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတွင် ထူးချွန်
စွာဆောင်ရွက်ခဲ့သည့် တပ်ဖွဲ့ဝင်များ၊ ကူညီ
ဆောင်ရွက်ပေးသော ရပ်မိရပ်ဖများအား
လွှတ်တော်ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်၊ လွှတ်တော်
ဒုတိယဥက္ကဋ္ဌ၊ ဝန်ကြီးများ၊ စာရင်းစစ်ချုပ်၊ အစိုးရ
အဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များက ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး ပြသ
ထားသော ပညာပေးပြခန်းကို လှည့်လည် ကြည့်ရှုအားပေးကြသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂ဝ၁၇ ခုနှစ်
ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီနှင့် မေလအတွင်း
မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအနေဖြင့် ၃၂ မှု၊
တရားခံ အမျိုးသား ၅၅ ဦး၊ အမျိုးသမီး ခုနစ်ဦး၊
စိတ်ကြွဆေးပြား ၁၃၃ဝ၂၁ ပြား၊ ဆေးခြောက်
၇၅ ဒသမ ၈၇ ဂရမ် သိမ်းဆည်းရမိခဲ့ပြီး ၂ဝ၁၈
ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ၊ မေနှင့်
ဇွန် ၁၅ ရက်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီး
ရမိမှု အနေဖြင့် ၄၄ မှု၊ တရားခံ အမျိုးသား
၆၁ ဦး၊ အမျိုးသမီး ၁ဝ ဦး၊ စိတ်ကြွဆေး
ပြား ၂၈ဝ၇ဝ၊ ဆေးခြောက် ၇ဝ ဒသမ ၈ ဂရမ်၊
အိုက်စ် ၃၆ဝ ဒသမ ၁ ဂရမ် သိမ်းဆည်း
ရမိကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး
လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ တရားသူကြီး
ချုပ် ဦးမောင်မောင်ရွှေ၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်၊ ဝန်ကြီးများ၊ စာရင်းစစ်ချုပ်၊ အစိုးရ အဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ တိုင်း
ဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်
များ၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်း အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊
ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ
များ တက်ရောက်ကြကြောင်း သိရ
သည်။
တင်စိုး(ပဲခူး)

No comments:

Post a Comment