Wednesday, June 27, 2018

ဖိလစ်ပိုင် တပ်ဖွဲ့ဝင်များ အချင်းချင်း မှားယွင်းပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံး

Image may contain: one or more people, plant, tree and outdoor
မနီလာ ဇွန် ၂၆
ဖိလစ်ပိုင်တပ်မတော်က ကွန်မြူနစ် ပြောက်ကျားများကို လိုက်လံရှာဖွေရှင်းလင်း စဉ်အတွင်း မှားယွင်းပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးရပြီး ရဲတပ်ဖွဲ့ ဝင် ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဖိလစ်ပိုင် စစ်သည်များနှင့် ရဲတပ်ဖွဲ့ဝင်များသည် တော တွင်း၌ လှည့်ကင်းတာဝန်ထမ်းဆောင်နေကြ စဉ် အချင်းချင်း မှားယွင်းပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ဇွန် ၂၆ ရက်တွင် ပြောကြားကြသည်။
ဇွန် ၂၅ ရက်က ဖြစ်ပွားခဲ့သော ယင်း ဖြစ်ရပ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေကြောင်း ဖိလစ်ပိုင်တပ်မတော် က ပြောကြားသည်။
ဆိုင်းငံ့
အာရှတိုက်တွင် သက်တမ်းအရှည်ဆုံး ပုန်ကန်သောင်းကျန်းမှု အဆုံးသတ်နိုင်ရေး ရည်မှန်းချက်ဖြင့် ကွန်မြူနစ် သူပုန်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့မှုမှာ ပြတ်တောင်း ပြတ်တောင်း ရှိခဲ့ပြီးနောက်တွင် ဆွေးနွေး မှုများကို ဖိလစ်ပိုင်အစိုးရက ဆိုင်းငံ့ခဲ့ပြီး မကြာမီကာလအတွင်း မှားယွင်းပစ်ခတ်မှု ဖြစ် ပွားခြင်းဖြစ်သည်။
နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အချင်းချင်းမှားယွင်းပစ်ခတ်ခြင်း ဖြစ်သည်ဟု သိရှိသွားခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ကြီး ဖရန်စ္စကို အက်နိုက မိနစ် ၃ဝ ကြာ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုနှင့် ပတ်သက်၍ အေအက်ဖ်ပီသို့ ပြောကြား သည်။
ကင်းလှည့်နေ
၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များသည် ဖိလစ်ပိုင်တပ်မတော်သားများနည်းတူ အဆိုပါ ဒေသတွင် ကင်းလှည့်နေကြောင်း၊ ယင်းဒေသမှာ ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာ ၏ အရှေ့တောင်ဘက် ကီလိုမီတာ ၅၅ဝ (မိုင် ၃၄ဝ)အကွာ ဆန်တာရီတာမြို့အနီးတွင် ဖြစ် ကြောင်း ရဲအဖွဲ့က ပြောကြားသည်။
ယင်း မှားယွင်းပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ ဝင် ခြောက်ဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာ ရသော်လည်း ဖိလစ်ပိုင်တပ်ဖွဲ့မှ ထိခိုက် သေကျေမှု သတင်းထွက်ပေါ်ခြင်း မရှိပေ။
ဖိလစ်ပိုင်နိုင်ငံအရှေ့ပိုင်းရှိ ဆာမာကျွန်း သည် သက်တမ်း ၄၉ နှစ်ရှိ ကွန်မြူနစ် သူပုန်အဖွဲ့၏နောက်ဆုံးခြေကုပ်စခန်း တည်ရှိ ရာ ဖြစ်သည်။ ကွန်မြူနစ်သူပုန်အဖွဲ့ တိုက် ခိုက်မှုကြောင့် လူပေါင်း ၃ဝဝဝဝ ခန့် သေဆုံး ခဲ့ရပြီဖြစ်ကြောင်း မှတ်တမ်းများအရ သိရ သည်။
အေအက်ဖ်ပီ

No comments:

Post a Comment