Friday, June 29, 2018

ရုရှားနှင့် အမေရိကန်ခေါင်းဆောင်တို့ထိပ်သီးဆွေးနွေးပွဲကျင်းပရန် သဘောတူ

Image may contain: 3 people, outdoor
မော်စကို ဇွန် ၂၈
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အမေရိကန်၏ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဂျွန်ဘော်လ်တန်နှင့် ဇွန် ၂၇ ရက်က တွေ့ဆုံဆွေးနွေးခဲ့ရာတွင် သမ္မတ ဒေါ်နယ်ထရန့်နှင့် ထိပ်သီးဆွေးနွေးပွဲကျင်းပရန် သဘော တူညီခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇွန် ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။
ရုရှားနိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် တင်းမာမှုလျှော့ချနိုင်ရန် ကြိုးပမ်းဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း သမ္မတ ပူတင်က သမ္မတ ထရန့်၏ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
သမ္မတပူတင်သည် အမေရိကန်အထူးသံတမန် ဂျွန်ဘော်လ်တန်အား မော်စကိုတွင် လက်ခံတွေ့ဆုံခဲ့သည်။ ဘော်လ်တန်အား ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗရော့က ဂုဏ်ပြုနေ့လယ်စာစားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။
ဆီးရီးယား ပြည်တွင်းစစ်၊ ခရိုင်းမီးယားဒေသကို ရုရှားက ယင်း၏ပိုင်နက်နယ်မြေအတွင်းသို့ ထည့်သွင်းခဲ့မှု၊ ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ရုရှားက စစ်ရေးအရ ပါဝင်ပတ်သက်ခဲ့မှု၊ အမေရိကန်ရွေးကောက်ပွဲတွင် ရုရှား က ပါဝင်ပတ်သက်ခဲ့သည်ဆိုသော စွပ်စွဲမှု စသည့်ရေးရာ များနှင့်ပတ်သက်၍ အမေရိကန်နှင့် ရုရှားဆက်ဆံရေးမှာ တင်းမာမှုများဖြစ်ပေါ်ခဲ့ရသည်။
သမ္မတ ပူတင်နှင့် သမ္မတထရန့်တို့၏ ပထမဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲကို နှစ်ဦးနှစ်ဖက်တက်ရောက်ရန် အဆင်ပြေမည့် တတိယနိုင်ငံတစ်နိုင်ငံ၌ ပြုလုပ်ရန် သဘောတူညီခဲ့ကြောင်း၊ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်မည့် နေရာနှင့် အချိန်တို့နှင့်ပတ်သက်၍ ဇွန် ၂၈ ရက်တွင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း သမ္မတ ပူတင်၏ နိုင်ငံခြားရေးမူဝါဒအကြံပေးပုဂ္ဂိုလ်က ပြောကြားသည်။
မိမိတက်ရောက်ရန် စီစဉ်ထားသော မြောက် အတ္တလန္တိတ်စာချုပ်အဖွဲ့(နေတိုး)ခေါင်းဆောင်များ၏ ထိပ်သီးညီလာခံကို ဇူလိုင် ၁၁ ရက်မှ ၁၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ယင်းညီလာခံအပြီး သမ္မတ ပူတင်နှင့် တွေ့ဆုံဆွေးနွေးနိုင်ဖွယ်ရှိသည်ဟု ဝါရှင်တန်တွင် သမ္မတ ထရန့်က ပြောကြားခဲ့သည်။
အေအက်ဖ်ပီ

No comments:

Post a Comment