Friday, June 29, 2018

အမေရိကန်-တရုတ် ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအရေး ဆွေးနွေး

Image may contain: 1 person, standing, suit and indoor
ပေကျင်း ဇွန် ၂၈
ပထမဆုံးအကြိမ်အဖြစ် သွားရောက်သော အာရှခရီးစဉ် အတွင်း တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ်သည် တရုတ် သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကာကွယ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး ဆွေးနွေး ခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။
အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ကာကွယ် ရေးဆိုင်ရာဆက်ဆံရေးသမိုင်းသစ်တစ်ခု ထူထောင်နေချိန် ဖြစ်သည့် ယခုအချိန်သည် တရုတ်နိုင်ငံ၏ သမိုင်း တစ်လျှောက်တွင် အလွန်ပင်အရေးကြီးပါကြောင်း ဝန်ကြီး မက်တစ်က ကနဦးပြောကြားခဲ့သည်။
နှစ်နိုင်ငံတပ်ဖွဲ့များအနေဖြင့် အပြန်အလှန် ယုံကြည်မှု ရရှိရန် ကြိုးပမ်းရန်လိုအပ်ပါကြောင်း သမ္မတ ရှီကျင့်ဖျင်၏ ပြောကြားချက်ကို တရုတ်နိုင်ငံပိုင်မီဒီယာက ကိုးကားကာ သတင်းထုတ်ပြန်သည်။
ယခုအချိန်သည် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး ဆိုင်ရာ တင်းမာမှုများ မြင့်တက်လျက်ရှိသည်။ အမေရိကန် က တရုတ်နိုင်ငံ၏ တောင်တရုတ်ပင်လယ်အတွင်း ကာကွယ်ရေးအင်အားမြှင့်တင်မှုကို ရှုတ်ချလျက်ရှိခဲ့သည်။ သို့သော် ဝန်ကြီးမက်တစ်က တရုတ်နိုင်ငံခေါင်းဆောင်များ နှင့်တွေ့ဆုံစဉ် တိုက်ရိုက်ရှုတ်ချမှုများကို မည်သည့်အခါမျှ ပြောကြားလေ့မရှိပေ။
မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားလက်နက် ကင်းစင်ရန် ဝိုင်းဝန်းတိုက်တွန်းကြရာတွင် တရုတ်နိုင်ငံ အနေဖြင့် ပြုံယမ်းအပေါ် ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုများကို ဆက်လက်အကောင်အထည်ဖော်ပေး ပါရန် ဝန်ကြီးမက်တစ်က တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ဝန်ကြီးမက်တစ်သည် တောင်ကိုရီးယားနိုင်ငံသို့ မြောက်ကိုရီးယားအရေးဆွေးနွေးရန် ဇွန် ၂၉ ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment