Friday, June 29, 2018

သင်္ဃန်းညီနောင် စစ်ဆေးရေးဂိတ်တွင်ကျောက်စိမ်းလက်ကောက် ၄ဝ၅ ကွင်း သိမ်းဆည်းရမိ

Image may contain: one or more people and people standing
သင်္ဃန်းညီနောင် ဇွန် ၂၈
ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ဃန်းညီနောင်စစ်ဆေးရေးဂိတ်တွင် ဇွန် ၂၇ ရက် နံနက်ပိုင်းက ပူးပေါင်းအဖွဲ့ဖြင့် ရှာဖွေစစ်ဆေးစဉ် ခရီးသည်တင် မှန်လုံယာဉ်တစ်စီးပေါ်မှ အထောက်အထားတစ်စုံတစ်ရာ မပါရှိဘဲ တင်ဆောင် လာသည့် ကျောက်စိမ်းလက်ကောက် ၄ဝ၅ ကွင်းကို ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
ဇွန် ၂၇ ရက် နံနက် ၁ဝ နာရီက မန္တလေးမှမြဝတီဘက်သို့ သွားရောက်မည့် 6F/-----၊ မန်းရွှေမြို့တော်ခရီးသည်တင် မှန်လုံယာဉ်၏ အောက်ဘောက် ယာဘက်အခြမ်း ခရီးသည်ပစ္စည်းများထားသည့်အခန်း အတွင်း ပီနံအိတ်ဖြင့်ထည့်ထားသော စက္ကူဖာတစ်လုံးအတွင်းတိပ်အကြည်ဖြင့် ပတ်ကာ ထပ်မံထုပ်ပိုးထားသော အထုပ် ၂ဝ ကို တွေ့ရှိ၍ဖွင့်ဖောက်စစ်ဆေးရာ ကျောက်စိမ်းလက်ကောက် ၄ဝ၅ ကွင်း အလေးချိန် ၁၂ ကီလိုခန့်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ယာဉ်နောက်လိုက် ကျော်ရဲနိုင် ၂၆ နှစ် စဥ့်ကိုင်မြို့နယ် ရှမ်းရွာလေးနေသူကို စစ်ဆေးရာ အဆိုပါကျောက်စိမ်းလက် ကောက်များပါရှိသော စက္ကူဖာအား မန္တလေးမြို့ ကျွဲဆည်ကန်ကားဂိတ်မှ သယ်ဆောင်လာခြင်းဖြစ်ကာ မြဝတီမြို့အထိ ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ပစ္စည်းပိုင်ရှင်မှာ ကျွဲခြံကုန်းရပ်ကွက် မော်လမြိုင်မြို့တွင် နေထိုင်သည့် ဦးမူတီရာမာန်ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ဖုန်းဖြင့်ဆက်သွယ် ခေါ်ယူစေ ခဲ့ပြီး မေးမြန်းစစ်ဆေးရာ အခင်းမဖြစ်မီ သုံးရက်ခန့်က ကျောက်စိမ်းလက်ကောက် ကွင်းများကို မန္တလေးကျောက်ဝိုင်းက ဝယ်ယူခဲ့ခြင်းဖြစ်ပြီး မြဝတီသို့ ပို့ဆောင် ပေးရန် ကျွဲဆည်ကန် ကားဂိတ်၌ အပ်နှံထားခဲ့ပြီး ¤င်းမှာ မြဝတီမြို့သို့ အခြားခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာခဲ့ပြီး မြဝတီမြို့၌ ကြိုတင်ရောက်ရှိစောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း သိရပြီး အထောက်အထားမပါရှိသဖြင့် ကျောက်စိမ်းလက်ကောက်ပိုင်ရှင် ဦးမူတီရာမာန်နှင့် သယ်ဆောင်ပေးသူ ကျော်ရဲနိုင်တို့နှစ်ဦးအား သင်္ဃန်းညီနောင် နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။
မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)

No comments:

Post a Comment