Friday, June 29, 2018

ရေစကြိုမြို့နယ်ရှိ ဗလဗကျေးရွာမှ ဗောဓိညောင်ပင်ကြီး ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ပြိုလဲ

Image may contain: one or more people, people standing, sky, cloud, tree, outdoor, nature and water
ရေစကြို ဇွန် ၂၈
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ဗလဗ ကျေးရွာအုပ်စု ဗလဗကျေးရွာ ဥာတိကာရုံကျောင်းတိုက် အတွင်းရှိ ကျေးရွာသူ ကျေးရွာသားတို့ အထွတ်အမြတ် ထားရာ နှစ်ပေါင်း ၁၂ဝ ကျော်ရှိ ဗောဓိညောင်ပင်ကြီးသည် ယနေ့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် မြစ်ရေတိုက်စားပြီး ဧရာဝတီမြစ်အတွင်းသို့ ပြိုလဲကျသွားကြောင်း ဥာတိကာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဓမ္မပါလက မိန့်ကြားတော်မူသည်။
အဆိုပါ ဗလဗကျေးရွာရှိ ဥာတိကာရုံကျောင်းတိုက် အတွင်းရှိ ဗောဓိညောင်ပင်ကြီးသည် ရွာသူရွာသားတို့ ကဆုန်လပြည့်နေ့ရောက်တိုင်း ဘုရားရှင်အား ရေသပ္ပာယ် ကြသော ဗောဓိညောင်ပင်ကြီးဖြစ်ကြောင်း သိရသည်။
ဗလဗကျေးရွာသည် ၂ဝ၁၇ ခုနှစ်တွင် မြစ်ကမ်းပါး ပြိုကျမှုခံရပြီး ယခုအချိန်ထိ အိမ်ထောင်စု ၉၅ စု မြစ်ရေ တိုက်စားမှု ကင်းလွတ်ရာသို့ ရွှေ့ပြောင်းထားရကြောင်း ဗလဗရွာနေ ဦးဇော်ဝင်းက ပြောသည်။ ဥာတိကာရုံ ကျောင်းတိုက်အတွင်းရှိ အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် နှစ်ပေါင်း ၈၂၃ နှစ်ရှိ ဓမ္မရံသီ(ရွှေဘုံသာ)မြတ်စွာဘုရားကြီး(ခေါ်)မြစ်ကမ်းပါး ပြန်ဘုရားကြီးသည် ရွာထဲရှိ ရှေးလူကြီးသူမများက သုံးကြိမ်အထိ မြစ်ကမ်းပါးပြန်ခဲ့ဖူးကြောင်း ပြောကြားကြပြီး သက္ကရာဇ် ၅၅၇ ခုနှစ်က တည်ထားခဲ့ကြောင်း သိရ သည်။
ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုသည် ဓမ္မရံသီ (ရွှေဘုံသာ)ဘုရားကြီးနှင့် ၁ဝ ပေအကွာသို့ ရောက်ရှိ နေကြောင်း ဥာတိကာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဓမ္မပါလက မိန့်ကြားတော်မူသည်။
ကိုထိန်(ငါ့သရောက်)

No comments:

Post a Comment