
ပြင်သစ်လူငယ်တိုက်စစ်မှူး မက်ပီသည် ပြင်သစ် အသင်းနှင့် ပီရူးအသင်းတို့၏ ပွဲစဉ်တွင် တစ်ဂိုးသွင်းယူနိုင် ခဲ့ခြင်းကြောင့် မက်ပီသည် ကမ္ဘာ့ဖလားတွင် ဆယ်ကျော် သက်အရွယ်ဖြင့် ဂိုးသွင်းနိုင်ခဲ့သည့် ပထမဆုံးပြင်သစ် ကစားသမားဖြစ်လာကြောင်း သိရသည်။
ပြင်သစ်အသင်းသည် မက်ပီ၏ ပွဲကစားချိန် ၃၄ မိနစ်တွင် သွင်းယူခဲ့သည့် တစ်လုံးတည်းသော သွင်းဂိုးဖြင့် ပီရူးအသင်းကို အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး နောက်တစ်ဆင့် တက်ရန် အခွင့်အလမ်းတစ်ရပ်ရရှိသွားခဲ့ပြီဖြစ်သည်။
တိုက်စစ်မှူး မက်ပီသည် လက်ရှိတွင် အသက် ၁၉ နှစ်အရွယ်သာရှိသေးပြီး အသက် ၂ဝ မပြည့်မီ ကမ္ဘာ့ဖလား တွင် ဂိုးသွင်းယူနိုင်သည့် ၁၈ ဦးမြောက်ကစားသမားလည်း ဖြစ်လာခဲ့သည်။ ဘရာဇီးဝါရင့်ကစားသမား ပီလီ၊ အင်္ဂလန် တိုက်စစ်မှူး မိုက်ကယ်အိုဝင်၊ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီတို့မှာ အသက် ၂ဝ မပြည့်မီ ကမ္ဘာ့ဖလားတွင် ဂိုး သွင်းနိုင်ခဲ့သည့် ကစားသမားများဖြစ်သည်။
ပီလီသည် ၁၉၅၈ ခုနှစ်က ဘရာဇီးအသင်းနှင့် ဝေးလ်အသင်းတို့ပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး အဲဒီပွဲစဉ်ကစားစဉ်က အသက် ၁၇ နှစ်သာရှိသေးသည်။ တိုက်စစ်မှူး မိုက်ကယ်အိုဝင်မှာမူ ၁၉၉၈ ခုနှစ်က အသက် ၁၈ နှစ်အရွယ်တွင် အင်္ဂလန်အသင်းနှင့် ရိုမေးနီးယား အသင်းတို့ပွဲစဉ်၌ ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီမှာ ၂ဝဝ၆ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းနှင့် ဆားဘီးယားအသင်း တို့ကစားခဲ့သည့် ပွဲစဉ်တွင် ဂိုးသွင်းယူခဲ့ခြင်းဖြစ်ပြီး အသက် ၁၈ နှစ်အရွယ်ဖြင့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ငွေကြယ်
No comments:
Post a Comment