
ခရိုအေးရှားအသင်းသည် အာဂျင်တီးနားအသင်းကို သုံးဂိုးပြတ် နိုင်ပွဲရရှိခဲ့တာကြောင့် နောက်တစ်ဆင့်တက်ရန်လမ်းကြောင်းပေါ် ရောက်ရှိသွားခဲ့သော်လည်း အာဂျင်တီးနားအသင်းမှာမူ ပြိုင်ပွဲမှ စော စီးစွာထွက်ခွာရန်နီးစပ်လာခဲ့ပြီသည်။
အာဂျင်တီးနားအသင်းနှင့် ခရိုအေးရှားအသင်းတို့ပွဲစဉ်တွင် ပထမပိုင်းတွင် ဂိုးမသွင်းနိုင်ခဲ့သော်လည်း ဒုတိယပိုင်းပွဲကစားချိန် ၅၃ မိနစ်တွင် ရီဗစ်၊ မိနစ် ၈ဝ တွင် မိုဒရစ်၊ နာကျင်အချိန်ပိုတွင် ရာကီ တစ်တို့က ဂိုးများသွင်းယူနိုင်ခဲ့ခြင်းကြောင့် ခရိုအေးရှားအသင်းက သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ခရိုအေးရှားအသင်းသည် လက်ရှိနှစ်ပွဲကစားအပြီး အုပ်စုတွင် ရမှတ်ခြောက်မှတ်ရရှိထားသည့် အသင်းဖြစ်ပြီး အာဂျင်တီးနားမှာ တစ်ပွဲသရေ၊ တစ်ပွဲရှုံးဖြင့် ရမှတ် တစ်မှတ်သာရရှိထားသည်။
အာဂျင်တီးနား၏ ယခုရှုံးပွဲသည် ၁၉၅၈ ခုနှစ်က ချက်ကိုစလိုဗက် ကီးယားကို ခြောက်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့ဖလား အုပ်စုအဆင့်တွင် အကြီးမားဆုံးသောရှုံးနိမ့်မှုဖြစ်ခဲ့ပြီး ခရိုအေးရှား အသင်းအတွက်မူ ဒုတိယအကြီးမားဆုံးသောနိုင်ပွဲဖြစ်လာခဲ့သည်။
ငွေကြယ်
No comments:
Post a Comment