Tuesday, June 5, 2018

ဂွါတီမာလာနိုင်ငံ၌ မီးတောင်ပေါက်ကွဲ ၂၅ ဦးထက်မနည်း သေဆုံး၊ ၃ဝဝ နီးပါးဒဏ်ရာရ

Image may contain: one or more people, people standing and outdoor
ဂွါတီမာလာစီးတီး ဇွန် ၎
အမေရိကတိုက်အလယ်ပိုင်းတွင် သက်ဝင်လှုပ်ရှားမှု အများဆုံး မီးတောင်တစ်လုံးဖြစ်သည့် ဂွါတီမာလာနိုင်ငံရှိ ဗော်လကန်ဒီဖီဂို မီးတောင်သည် ဇွန် ၃ရက်က ပြင်းထန်စွာ ပေါက်ကွဲ ခဲ့ရာ မီးတောင်ပြာမှုန်များနှင့် ချော်ရည်ခဲများ ပန်းထုတ်ခဲ့ပြီး မီးတောင်အနီးဝန်းကျင်ရှိ ကျေးရွာများပေါ်သို့ မီးတောင်ပြာများထူထပ်စွာ ကျရောက်ခဲ့ကြောင်း၊ အဆိုပါ မီးတောင် ပေါက်ကွဲမှုကြောင့် လူ ၂၅ ဦးထက်မနည်းသေဆုံးပြီး လူ ၃ဝဝ နီးပါးထိခိုက်ဒဏ်ရာရခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။
ဇွန် ၃ ရက် အစောပိုင်းတွင် မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးရသည်ဟု အတည်ပြုနိုင်ခဲ့သည့် ရုပ်အလောင်း ခုနစ်လောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။ ယင်းနေ့ နှောင်းပိုင်းတွင် သေဆုံးသူ ၁၈ ဦး၏ ရုပ်အလောင်းများကို ဆန်ဗျူရပ်လို့စ် လော့တီးစ် လူနေဒေသတွင် ထပ်မံရှာဖွေတွေ့ရှိရသဖြင့် သေဆုံးသူဦးရေ တိုးမြင့်လာကြောင်း သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ်ဒီလီယွန်က ပြောကြား သည်။
မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ဦးရေမြင့်တက်လာသည်ကို အာဏာပိုင်များက စိုးရိမ်လျက်ရှိကြပြီး သေဆုံးသူ မည်မျှရှိသည်ကို အတည်မပြုနိုင်သေးကြောင်း တာဝန်ရှိ သူများက ပြောကြားသည်။
မီးလျှံမီးတောင်
စပိန်ဘာသာစကားဖြင့် 'မီးလျှံမီးတောင်'ဟု အမည်ရသည့် ဒီဖီဂိုမီးတောင်သည် ဇွန် ၃ရက် ဒေသစံတော်ချိန် မွန်းမတည့်မီအချိန်တွင် ပေါက်ကွဲခဲ့ပြီးနောက် နာရီအနည်း ငယ်အကြာ ညနေ ၄ နာရီဝန်းကျင်တွင် မီးတောင်အတွင်းပိုင်းမှ ချော်ရည်များ စတင် ထွက်လာခဲ့သည်။
အဆိုပါမီးတောင်မှ စီးဆင်းလာသည့်ချော်ရည်များ၏ အပူချိန်သည် ၇ဝဝ ဒီဂရီ ဆဲလ်စီးယပ်ခန့်ရှိကြောင်း ဂွါတီမာလာ မြေငလျင်များနှင့် မီးတောင်ဗေဒ သိပံ္ပညွှန်ကြား ရေးမှူး အက်ဒီဆန်ချက်ဇ်က ပြောကြားသည်။
ဒေသတွင်း ရုပ်မြင်သံကြားသတင်းဌာနက ထုတ်လွှင့်ရာတွင် ချော်ရည်များလောင်ကျွမ်း သွားသည့် မြေပြင်အခင်းအကျင်းကို ပြသပြီး လူနေအိမ်များအတွင်းသို့ ချော်ရည်များ စီးဝင်နေပုံကို ပြသခဲ့သည်။
အခြားဒေသတွင်း ရုပ်သံသတင်းဌာနတစ်ခု၏ ပြကွက်တွင် ဒေသခံများသည် ဖိနပ်မပါ ခြေဗလာဖြင့် ရွှံ့စေးမြေ ဖုံးအုပ် ကျန်သည့်မြေပြင်ပေါ်၌ ခြေကျင်ခရီးနှင်နေပုံကို တွေ့မြင် ရသည်။
ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စစ်သည်များပါဝင်သည့် ရာပေါင်းများစွာ သော ရှာဖွေကယ်ဆယ်ရေးသမားများသည် အဆိုပါ မီးတောင်မှ ချော်ရည်များ မှုတ်ထုတ် နေဆဲတွင် သေဆုံးသူများ၏ရုပ်အလောင်းများကို ရှာဖွေလျက်ရှိသည်။
အေအက်ဖ်ပီ

No comments:

Post a Comment