Tuesday, June 5, 2018

ယီမင်ရှိ ဟိုဒေဒါဆိပ်ကမ်းမြို့အနီး တိုက်ခိုက်မှုများအတွင်း အစိုးရနှင့် သူပုန်တပ်ဖွဲ့ဝင်များ အကျအဆုံး များပြား

Image may contain: one or more people and outdoor
အေဒင် ဇွန် ၎
ယီမင်နိုင်ငံ၌ ယခုနှစ် မေလနှောင်းပိုင်းမှစ၍ နိုင်ငံအနောက်ပိုင်းရှိ သူပုန်တို့ခြေကုပ်ပြုရာ ဟိုဒေဒါပင်လယ်ဆိပ်ကမ်းမြို့ကို သိမ်းယူနိုင် ရန် အစိုးရတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက် မှုများကို တိုးမြှင့်ပြုလုပ်လျက်ရှိရာ တိုက်ခိုက် မှုများအတွင်း အစိုးရတပ်ဖွဲ့မှ စစ်တပ်ဖွဲ့ဝင် များနှင့် သောင်းကျန်းသူ ဦးရေ ၁ဝဝ ကျော် သေဆုံးခဲ့ရကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။
ယီမင် သောင်းကျန်းသူများ၏ ခြေကုပ် စခန်းတည်ရာ ဟိုဒေဒါဆိပ်ကမ်းမြို့ကို ဝန်းပတ်ပိတ်ဆို့နိုင်ရန် ရည်ရွယ်၍ အစိုးရ တပ်ဖွဲ့များက ၎င်းတို့၏ထိုးစစ်ကို လွန်ခဲ့သည့် ရက်သတ္တပတ်မှစ၍ အရှိန်မြှင့်တင်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။
ယီမင်သမ္မတ မန်ဆောဟာဒီအား သစ္စာခံသည့် တပ်ဖွဲ့ဝင်များနှင့် ဟူသီသူပုန် သောင်းကျန်းသူတို့အကြား လွန်ခဲ့သည့် သုံးနှစ်ကျော်ကတည်းက ဖြစ်ပွားလာသော တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားဆဲဖြစ် သည်။
ထောက်ပံ့ရေးစခန်း
ယီမင်သမ္မတ ဟာဒီအား သစ္စာခံသည့် တပ်ဖွဲ့များကို ဆော်ဒီအာရေဗျနိုင်ငံက ထောက်ပံ့မှုများ ပြုလုပ်နေပြီး ဟူသီသူပုန် တို့အား အီရန်က ထောက်ခံအားပေးလျက်ရှိ သည်။ ဟိုဒေဒါဆိပ်ကမ်းမြို့သည် ပင်လယ်နီ ကမ်းခြေတွင် တည်ရှိပြီး ဟူသီသူပုန်တပ်ဖွဲ့ အတွက် အရေးအပါဆုံး ထောက်ပံ့ရေးစခန်း ဖြစ်သည်။
ဟူသီသူပုန်များသည် အဆိုပါဆိပ်ကမ်းမှ စစ်လက်နက်ပစ္စည်းများ၊ စားနပ်ရိက္ခာနှင့် နေ့စဉ်သုံး လူသုံးကုန် ပစ္စည်းများကို နိုင်ငံ ရပ်ခြားမှ လက်ခံရယူနေသည်။ ဟူသီသူပုန် များက ယီမင်အစိုးရတပ်ဖွဲ့များအား အပြင်း အထန် ခုခံကာကွယ်နေစဉ် မြို့တော်အလယ် ပိုင်းသို့ စစ်ပွဲပျံ့နှံ့လာပါက မြို့နေ လူထု ၂ဝဝဝဝဝ အား မဖြစ်မနေ နေရာရွှေ့ပြောင်း ပေးရမည်ဟု ကုလသမဂ္ဂက သတိပေးချက် ထုတ်ပြန်ထားသည်။
အေအက်ဖ်ပီ

No comments:

Post a Comment