Thursday, June 28, 2018

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကြိုဆိုရေးစခန်းများ ပိတ်ထားသောကြောင့်နေရပ်ပြန် မြန်မာအလုပ်သမားများ အခက်ကြုံနေ

Image may contain: one or more people, people standing, shoes and outdoor
ဗန်ကောက် ဇွန် ၂၇
ထိုင်းနိုင်ငံအစိုးရမှ တရားမဝင်အလုပ်သမားပပျောက်စေရေးအတွက်စီမံချက်ဖြင့် စစ်ဆေး အရေးယူမှုများ ပြုလုပ်လာသည်နှင့်အမျှ အထောက်အထားမရှိကြသည့် မြန်မာ အလုပ်သမားများမှာ မိမိတို့နှင့်နီးစပ်ရာ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် နေရပ်သို့ ပြန်လာလျက်ရှိကြသည်။
ထိုသို့နေရပ်ပြန်ကြရာတွင် တနင်္သာရီ တိုင်းဒေသကြီးအတွင်း နေထိုင်ကြသော မြန်မာအလုပ်သမားများအနေဖြင့် ၎င်းတို့ နေထိုင်ရာဒေသသို့ ပြန်လည်ဝင်ရောက်ရာတွင် ပြန်လည်ကြိုဆိုရေးစခန်းများ ပိတ်ထား သောကြောင့် အခက်အခဲများ ကြုံတွေ့နေကြ ရကြောင်း အလုပ်သမားအရေး ဆောင်ရွက် နေကြသူများထံမှ သိရသည်။
''ကျွန်တော်တို့ ကြားတာကတော့ ပြန်လည်ကြိုဆိုရေးစခန်းတွေကို အခုရက်ပိုင်း မှာပဲ ပိတ်ထားတော့ ပြန်မယ့်အလုပ်သမား တွေမှာ အခက်အခဲကြုံတွေ့နေကြရပါတယ်။ထိုင်းတောင်ပိုင်းမှာ ရောက်နေကြတဲ့ မြန်မာအလုပ်သမားတွေဟာ နေရပ်ပြန်ကြ တဲ့အခါမှာ ထိုင်းနယ်စပ် ရနောင်းမြို့နဲ့ ကော့သောင်းလမ်းကိုအားထားပြီး ပြန်နေကြ ရတာပါ''ဟု မြို့တော်ဗန်ကောက်ရှိ မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသော ကိုစောမောင်က ပြောသည်။
အဆိုပါ တနင်္သာရီတိုင်းဒေသကြီးရှိ ပြန်လည်ကြိုဆိုရေးစခန်းများအား ယခု ရက်ပိုင်းအတွင်း ပိတ်ထားခြင်းနှင့်စပ်လျဉ်း၍ အလုပ်သမားသံအရာရှိရုံးသို့ ဆက်သွယ် မေးမြန်းရာ ''ကော့သောင်းမြို့ရှိ ပြန်လည် လက်ခံရေးစခန်း အချိန်မီပြန်ဖွင့်လှစ်နိုင်ရေး အတွက် တာဝန်ရှိသူများကို တင်ပြထားပါ တယ်'' ဟု အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးက ပြောသည်။
တရားမဝင်နေထိုင်ကြသော အလုပ် သမားများပပျောက်စေရေး ထိုင်းနိုင်ငံအစိုးရမှ စီမံချက်ဖြင့် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ် လျက်ရှိရာ မြို့တော်ဗန်ကောက်ရှိ မြန်မာ သံရုံးမှလည်း ထိုင်းနိုင်ငံအစိုးရနှင့်ပူးပေါင်း၍ ညှိနှိုင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံအစိုးရ၏စီမံချက်ဖြင့် တရား မဝင်နေထိုင်ကြသော အလုပ်သမားများအား ဖမ်းဆီးစစ်ဆေးမည့်ကာလအတွင်း တရား မဝင်နေထိုင်ကြောင်း စစ်ဆေးတွေ့ရှိရသော အလုပ်သမားများအနေဖြင့် ဒဏ်ငွေ ဘတ် ငါးထောင်မှ ငါးသောင်းအထိ ပေးဆောင်ရ မည်ဖြစ်ပြီး ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက် အလုပ်လုပ်ကိုင်ခွင့် နှစ်နှစ်တိတိ ပိတ်ပင်ခံရ မည်ဖြစ်သလို ထိုင်းအလုပ်ရှင်များအနေဖြင့် ခွင့်ပြုချက်မရှိဘဲ အလုပ်သမားများ ခန့်ထား ခြင်း၊ တားဆီးပိတ်ပင်ထားသည့် လုပ်ငန်း အမျိုးအစားများကို စေခိုင်းခြင်းများ စစ်ဆေး တွေ့ရှိပါက အလုပ်သမားတစ်ဦးလျှင် ဒဏ်ငွေ ဘတ်တစ်သောင်းမှ တစ်သိန်းအထိ ပေးဆောင်ရမည်ဟု ထိုင်းနိုင်ငံအစိုးရက သတင်းထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံမှ အလုပ်ရှင်များသည် ထို ကဲ့သို့သော အမှုများကို ထပ်မံကျူးလွန်ပါက ထောင်ဒဏ်နှစ်နှစ်နှင့် ဒဏ်ငွေ ဘတ် ငါးသောင်းမှ နှစ်သိန်းအထိ ပေးဆောင်ကြ ရမည်ဖြစ်ပြီး အလုပ်သမားငှားရမ်းခွင့် သုံးနှစ်အထိ ပိတ်ပင်ခံရမည်ဖြစ်ကြောင်း ထိုင်း နိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန် ထားကြောင်း သိရသည်။
ပွင့်သစ္စာ

No comments:

Post a Comment