Friday, June 22, 2018

ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးပဲခူးအကျဉ်းထောင် ကြည့်ရှုစစ်ဆေး

Image may contain: 1 person, standing and indoor
ပဲခူး ဇွန် ၂၁
ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဦးမောင်မောင်အေးသည် ပဲခူးတိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးမြင့်ဆန်း၊ ပဲခူးခရိုင်တရားသူကြီး ဦးတက်ထွန်း၊ ပဲခူးမြို့နယ် တရားသူကြီး ဦးစိုးမင်းတို့နှင့်အတူ ဇွန်လ
တတိယပတ်က ပဲခူးအကျဉ်းထောင်အား သွားရောက်စစ်ဆေးခဲ့
သည်။
ပဲခူးအကျဉ်းထောင် တာဝန်ခံအရာရှိရုံးခန်း၌ တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမြင့်ဦးက ပဲခူးအကျဉ်းထောင်နှင့်ပတ်သက် ၍ လုံခြုံရေးနှင့် စီမံရေးရာကိစ္စများ ဆောင်ရွက်ထားရှိမှု၊ သောက်သုံးရေရရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးနှင့် အဖွဲ့သည် ပြစ်ဒဏ်ကျခံနေရသူများ၏ အဆောင်များ၊ စားဖိုဆောင်များကို လှည့်လည်ကြည့်ရှု၍ နေရာထိုင်ခင်းသက်သာချောင်ချိမှု ရှိ၊ မရှိ၊ ဥပဒေပါ အခွင့်အရေးများရရှိမှု အခြေအနေ၊ စားသောက်ရာတွင် အာဟာရသင့်တင့် မျှတမှု ရှိ၊ မရှိ၊ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ၊ ရေပေးဝေမှု၊ သောက်သုံးရေရရှိမှုအခြေအနေ၊ စာပေဗဟုသုတ လေ့လာရန် စာကြည့်တိုက် များ ရှိ၊ မရှိ၊ ကြန့်ကြာနေသော အချုပ်တရားခံများ ရှိ၊ မရှိ၊ နှိပ်စက်ညှဉ်းပန်းမှု ရှိ၊ မရှိ၊ ဥပဒေနှင့်အညီ ရသင့်သော အခွင့်အရေးများ ခံစားနိုင်ရေးတို့ကို တွေ့ဆုံမေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
၁၄၂

No comments:

Post a Comment