
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးကာလ ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
အစည်းအဝေးတွင် ဥပဒေကြမ်းနှစ်ခု မှတ်တမ်းတင်ခြင်း၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ လုပ်ငန်း ဆောင်ရွက်ခဲ့မှုအစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြန်လည် ရှင်းလင်းဆွေးနွေးခြင်း၊ အခွန်အယူခံခုံအဖွဲ့ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အစီရင်ခံစာဖတ်ကြားခြင်းနှင့် အတည်ပြုချက် ရယူခြင်းတို့ကို ဆောင်ရွက်ကြသည်။
ပြည်ထောင်စုလွှတ်တော်နာယကက ပြည်ထောင်စု လွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင် သည့် ဥပဒေကြမ်းနှင့် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို လွှတ်တော်က မှတ်တမ်း တင်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည် ပေးပို့ထားသော သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။
အမျိုးသားပညာရေးမူဝါဒကော်မရှင်၏
အစီရင်ခံစာနှင့် စပ်လျဉ်း၍
လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး
အစီရင်ခံစာနှင့် စပ်လျဉ်း၍
လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး
ယင်းနောက် အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ ခြောက်လတာ (၂ဝ၁၇ ခုနှစ် အောက်တိုဘာလမှ ၂ဝ၁၈ ခုနှစ် ဧပြီလအထိ) ကာလအတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် အမျိုးသားပညာရေးမူဝါဒ ကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနတို့က ပြန်လည် ရှင်းလင်းဆွေးနွေးကြသည်။
အမျိုးသားပညာရေးမူဝါဒကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးညီလှငယ်က ကော်မရှင်သည် အမျိုးသားပညာရေးမူဝါဒ များ ချမှတ်ခြင်း၊ မူဝါဒချမှတ်ရာတွင် အထောက်အကူပြု မည့် အကြံပြုအစီရင်ခံစာများ ပြုစုခြင်းနှင့် သုတေသနများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ရာတွင် နိုင်ငံတော်နှင့် ပြည်သူ ကို အမှန်တကယ် အကျိုးပြုနိုင်မည့် လုပ်ငန်း၊ ဆောင်ရွက် နိုင်မည့်အင်အားနှင့် လိုအပ်ချက်ရှိမှု အခြေအနေ၊ လူသား အရင်းအမြစ်အင်အား၊ ငွေကြေးအင်အား၊ ရင်းနှီးမြှုပ်နှံမှု အရ ပြန်လည်ရရှိနိုင်မည့် အကျိုးရလဒ်၏ တွက်ခြေကိုက်မှု အခြေအနေ (Cost Effectiveness)၊ ရေရှည်အကျိုးရှိစွာ ဆောင်ရွက်နိုင်မှု အခြေအနေ စသည့် အကြောင်းအရာ များကို ထည့်သွင်းစဉ်းစား၍ မူဝါဒချမှတ်ဆောင်ရွက်နိုင် ရေးအတွက် အချက်အလက်စုဆောင်းခြင်း၊ ညှိနှိုင်းခြင်း၊ ဆွေးနွေးဆုံးဖြတ်ခြင်း အစရှိသည်တို့ကို အလေးအနက် ထားပြီး ဆောင်ရွက်ခဲ့ပါကြောင်း။
ထို့ပြင် မည်သည့်အကြောင်းအရာကို မည်သည့် အတွက်နှင့် မည်သည့်အတွက်ကြောင့် မူဝါဒချမှတ်ရန် လိုအပ်သည်၊ မည်သို့ အကောင်အထည်ဖော် ဆောင်ရွက် မည်၊ ရလဒ်ကို မည်သို့ဆန်းစစ်အဖြေထုတ်၍ လိုအပ်ချက် ကို မည်သို့ ဖြည့်စွမ်းမည်၊ မိဘပြည်သူများကို မည်သို့ အသိပေးမည် စသည်တို့ကိုလည်း ထည့်သွင်းတွက်ချက်ရ ပါကြောင်း၊ ထို့ကြောင့် ကော်မရှင်သည် လိုအပ်ချက်ကို အခြေခံ၍ လက်တွေ့ကျပြီး ဖြစ်သင့်သော မူဝါဒများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေကြသည့် ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ချမှတ် အကြံပြုလျက်ရှိပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဝန်ကြီးဌာနအနေဖြင့် ပညာရေး ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အမျိုးသားပညာရေးဥပဒေ ၂ဝ၁၄ နှင့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ ၂ဝ၁၅ တို့နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပြီး အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း ၂ဝ၁၆ - ၂ဝ၂၁ တွင် ဖော်ပြထားသည့် ဦးစားပေးလုပ်ငန်း စဉ်များနှင့် မဟာဗျူဟာစီမံကိန်းလုပ်ငန်းများကို ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လတ်တလောတွင် စနစ်သစ်ပညာရေးကို ပြုပြင်ပြောင်းလဲ အကောင်အထည်ဖော် ဆောင်ရွက်နေသည့်ကာလဖြစ်သည့် အတွက် ပြည်သူများ မျှော်လင့်နေသည့် နိုင်ငံတကာ အဆင့်မီ လူငယ်မောင်မယ်များကို ပြုစုပျိုးထောင်သည့် အခါတွင် အခြေခံပညာကို သင်ယူပြီးမြောက်မှသာ တက္ကသိုလ်ပညာရပ်များကို သင်ယူနိုင်သည့်အဆင့် ရောက်ရှိအောင် စနစ်သစ်ပညာရေးကို ကူးပြောင်းဆောင် ရွက်လျက် ရှိပါကြောင်း။
ကျောင်းသား ကျောင်းသူ တိုးတက်မှုဦးရေကို သုံး နှစ်တာကာလ နှိုင်းယှဉ်မည်ဆိုပါက ၂ဝ၁၅ -၂ဝ၁၆ ပညာ သင်နှစ်တွင် ၈ ဒသမ ၆ သန်းကျော်၊ ၂ဝ၁၆ - ၂ဝ၁၇ ပညာသင်နှစ်တွင် ၈ ဒသမ ၈၉ သန်းနှင့် ၂ဝ၁၇ - ၂ဝ၁၈ ပညာသင်နှစ်တွင် ၉ ဒသမ ၁၇ သန်းအထိ ဖြစ်ပါကြောင်း၊ ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အပြင် အဓိကအခက်အခဲရှိနေသည့် ဒေသများကို ဦးစားပေး ဖြည့်ဆည်းပေးနိုင်ခဲ့သည့်အတွက် ကျောင်းသား ကျောင်းသူ ဦးရေ တိုးတက်များပြားလာသကဲ့သို့ နှစ်အလိုက် အတန်း ကူးပြောင်းမှု အခြေအနေသည်လည်း အလယ်တန်း၊ အထက်တန်း၌ ကျောင်းသား ကျောင်းသူ ဦးရေ သိသိ သာသာ တိုးတက်များပြားလာပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ကျောင်းသား ကျောင်းသူများ ကို သင်ယူမှုအခွင့်အလမ်းရရှိရုံ ကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်ပေးခြင်းသာ မဟုတ်ဘဲ သင်ယူမှု အခွင့်အလမ်း မြင့်မားလာသကဲ့သို့ ပညာရေးအရည်အသွေး မြင့်မားစေရန်အတွက် ဆရာ ဆရာမများကို သင်တန်း ပေးခြင်း၊ ဘာသာရပ်ဆိုင်ရာ အရည်အသွေးများ မြှင့်တင် ပေးခြင်း၊ သင်ရိုးညွှန်းတမ်းများ ပြုပြင်ပြောင်းလဲခြင်း၊ ကျောင်းသုံးဖတ်စာအုပ်များ အသစ်ပြုစု ဖြန့်ဝေပေးခြင်း၊ သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းပေးခြင်း၊ ဆရာ ဆရာမများကို မွမ်းမံသင်တန်းများပေးခြင်းနှင့် မူလတန်း ပညာသင်ယူနေသူအားလုံးကို မူလတန်းပညာ သင်ယူပြီး မြောက်ရေးအတွက် အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်းပါအတိုင်း ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
သင်ယူမှုအားကောင်းစေရန်နှင့် တစ်သက်တာ သင်ယူနိုင်စေရန် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကျောင်းသား ကျောင်းသူများအဖြစ် ပြုစုပျိုးထောင်နိုင်ရန် ကလေးများကို ကာယ၊ ဥာဏဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး ကလေးငယ်များကို ပြုစုပျိုးထောင်မည့် ဆရာ ဆရာများ၏ အရည်အသွေး မြင့်မားရေးနှင့် ကျား၊ မ အချိုးမျှတရေး၊ သင်တန်းများတိုးချဲ့ရေး၊ Grade 3 ပြီးသွားသည့် မူလတန်းကျောင်းသား ကျောင်းသူတိုင်း စာဖတ်နိုင်၊ ရေးနိုင်၊ တွက်နိုင်မှသာ တစ်သက်တာ ဆက်လက် သင်ယူနိုင်သူများ ဖြစ်လာမည် ဖြစ်ပါကြောင်း။
အရိုးစွဲနေသည့် အလွတ်ကျက်မှတ်မှုမှ စဉ်းစား တွေးခေါ်မှုကို အားပေးမြှင့်တင်နိုင်စေရန် ဆရာ ဆရာမ များ၊ ကျောင်းသား ကျောင်းသူများနှင့် သင်ယူသူများ အားလုံး စာဖတ်ရန်နှင့် အသုံးချသုတေသနများကို ဆောင်ရွက်ပြီး သုတေသနရလဒ်များမှ သုတေသနစာတမ်း များ ပြုစုခြင်း၊ သုတေသနစာတမ်းဖတ်ကြားခြင်း၊ သုတေသန ဂျာနယ်များတွင် ရေးသားပြုစုပြီး နက်နက်နဲနဲ သင်ကြား သင်ယူရင်း Deep Learningကို ဆရာနှင့် သင်ယူသူတို့ များများဆွေးနွေးနိုင်မှသာ Quality Education ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်သကဲ့သို့ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးအနေဖြင့်လည်း ပထမ တန်းစား ပညာရေးဖြစ်မှသာ လုပ်သားဈေးကွက်အတွင်း တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ကျွမ်းကျင်သူများကို ပြုစု ပျိုးထောင်ပေးနိုင်မည် ဖြစ်သည့်အပြင် Quality Education ကို ဦးတည်တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် မိဘများ၊ ဆရာများ၊ ပြည်သူများ၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ စုပေါင်း အင်အားဖြင့်သာ ကြိုးပမ်းအကောင်အထည်ဖော် ဆောင် ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက က အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ ခြောက်လတာ ကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ အမှတ် ၃ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များ၊ သက်ဆိုင်ရာကော်မရှင်နှင့် ပညာရေး ဝန်ကြီးဌာနတို့၏ ပြန်လည်ရှင်းလင်း တင်ပြချက်များကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
အခွန်အယူခံခုံအဖွဲ့ ဥပဒေကြမ်း အတည်ပြု
ထို့နောက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဒေါ်နွယ်နွယ်အောင်က ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော အခွန်အယူခံခုံအဖွဲ့ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ ၏ ထပ်မံလေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြရာတွင် အဆိုပါဥပဒေကြမ်း နှင့် စပ်လျဉ်း၍ ကော်မတီသည် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့၌ ဥပဒေ ကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို တင်ပြခဲ့ပါကြောင်း၊ ၂ဝ၁၈ ခုနှစ် ဇွန်လ ၁၁ ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဒေါက်တာ ခွန်ဝင်းသောင်း၊ ဦးစိုးသိန်း (ခ) ဦးမောင်စိုးနှင့် ဦးမျိုးဝင်း တို့က ပြင်ဆင်ချက်များ တင်သွင်း၍ အကြံပြုဆွေးနွေးခဲ့ပါ ကြောင်း။
သို့ဖြစ်ပါ၍ ကော်မတီသည် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၏ အကြံပြုဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ကြားနာညှိနှိုင်းသည့် အစည်းအဝေးကို ၂ဝ၁၈ ခုနှစ် ဇွန်လ ၁၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ နေပြည်တော် ကောင်စီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါကြောင်း။
ယင်းသို့ ညှိနှိုင်းဆွေးနွေးခဲ့ရာတွင် အကြံပြုဆွေးနွေး ခဲ့သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ထပ်မံပြင်ဆင်ချက် များကို သဘောတူလက်ခံခဲ့ကြပါကြောင်း၊ သို့ဖြစ်ပါ၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ပြင်ဆင်ချက်များကို လွှတ်တော်က အတည်ပြုဆောင်ရွက်နိုင်ပါရန် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၉၉ အရ ထပ်မံ အစီရင်ခံတင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တစ်ပိုဒ် ချင်းစီအလိုက် အတည်ပြုရန် အဆိုတင်သွင်း၍ လွှတ်တော် ၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ဆက်လက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဆိုပါ ဥပဒေကြမ်း တစ်ရပ်လုံးကို အတည်ပြုရန် အဆိုတင်သွင်းသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က ယင်းဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုရန် လွှတ်တော် ၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူအတည် ပြုကြောင်း ကြေညာသည်။
ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး
ကာလ ဆောင်ရွက်မှုများ ရှင်းလင်းတင်ပြ
ကာလ ဆောင်ရွက်မှုများ ရှင်းလင်းတင်ပြ
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးကာလ ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာတွင် အဋ္ဌမပုံမှန်အစည်းအဝေးကာလ အတွင်း ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ၁၁ ရက် ကျင်းပပြုလုပ်နိုင်ခဲ့ပြီး လွှတ်တော်၏ အဓိကလုပ်ငန်း တာဝန်ဖြစ်သည့် ဥပဒေပြုရေးအပိုင်းတွင် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေအပါအဝင် ဥပဒေ ခြောက်ခုကို အတည်ပြုထုတ်ပြန်နိုင်ခဲ့ပြီး နိုင်ငံတော်သမ္မတ လက်မှတ် ရေးထိုး ထုတ်ပြန်နိုင်ရန်အတွက် ဥပဒေကြမ်း လေးခုကို လည်း ပေးပို့ထားပါကြောင်း။
ယခုအစည်းအဝေးကာလတွင် ဥပဒေပြုရေးလုပ်ငန်း များအပြင် နိုင်ငံတော်သမ္မတက အဆိုပြုခန့်အပ် တာဝန် ပေးလိုသည့် ပြည်ထောင်စုဝန်ကြီးတစ်ဦးနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် တစ်ဦးတို့ အတွက် လွှတ်တော်၏ သဘောတူညီချက်ရယူပေးခဲ့ပြီး ဒုတိယဝန်ကြီးတစ်ဦးနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီး လေးဦး ခန့်အပ်တာဝန် ပေးအပ်ခြင်းတို့ကို လည်း လွှတ်တော်က မှတ်တမ်းတင် ဆောင်ရွက်ပေးနိုင်ခဲ့ပါ ကြောင်း၊ ထို့အပြင် နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများ တိုးမြှင့်ခြင်းနှင့် စပ်လျဉ်းသည့်သဝဏ်လွှာ၊ ရခိုင်ပြည်နယ် အတွင်း နိုင်ငံသားစိစစ်ရေးခံယူရမည့်သူ၏ သက်သေခံ ကတ်ပြား (National Verification Card) ထုတ်ပေး ခြင်းအပါအဝင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ တို့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ ရှင်းလင်းတင်ပြ ချက်၊ အရေးပေါ်ရန်ပုံငွေ ခွဲဝေသုံးစွဲခြင်းဆိုင်ရာ ကိစ္စရပ် တစ်ခု၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၂ဝ၁၇ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာနှင့် အမျိုးသားပညာရေး မူဝါဒကော်မရှင်၏ အစီရင်ခံစာအမှတ်(၃)တို့ အပါအဝင် အစီရင်ခံစာ သုံးခု၊ ပြည်ထောင်စုလွှတ်တော် ပထမ သက်တမ်း ငါးနှစ်ကာလနှင့် ဒုတိယသက်တမ
်း ၂ဝ၁၇ ခုနှစ် မတ် ၃၁ ရက်အထိ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်နှင့် ရယူထားသည့် ပြည်ပချေးငွေဆိုင်ရာ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက ရှင်းလင်းတင်ပြပြီး လွှတ်တော်က ဆွေးနွေးမှတ်တမ်းတင်ခြင်း ဆောင်ရွက် နိုင်ခဲ့ပါကြောင်း။
်း ၂ဝ၁၇ ခုနှစ် မတ် ၃၁ ရက်အထိ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်နှင့် ရယူထားသည့် ပြည်ပချေးငွေဆိုင်ရာ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက ရှင်းလင်းတင်ပြပြီး လွှတ်တော်က ဆွေးနွေးမှတ်တမ်းတင်ခြင်း ဆောင်ရွက် နိုင်ခဲ့ပါကြောင်း။
ထို့အပြင် နိုင်ငံတော်သမ္မတထံမှ ပေးပို့တင်ပြလာ သည့် အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ် နှစ်ခု၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေရယူခြင်းကိစ္စရပ်တစ်ခု တို့ကိုလည်း ဆွေးနွေးအတည်ပြုခြင်း ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း၊ မကြာခင်ကာလတွင် ပြန်လည်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေးတွင် ဘဏ္ဍာရေးနှစ် ပြောင်းလဲသတ်မှတ်မှုအရ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွက် နိုင်ငံတော်၏ အမျိုးသားစီမံကိန်း၊ နှစ်စဉ်အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့် အခွန် အကောက်ဆိုင်ရာ ဥပဒေကြမ်းတို့ကို ဆွေးနွေးအတည်ပြု ပေးနိုင်ရေး အပါအဝင် အခြားသောလွှတ်တော်ဆိုင်ရာ လုပ်ငန်းတာဝန်များကိုလည်း ဆက်လက်ဆောင်ရွက် သွားကြရဦးမည်ဖြစ်ပါကြောင်း။
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေနှင့် မဲဆန္ဒနယ်မြေ အလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကော်မတီသို့ ၂ဝ၁၈ ခုနှစ် ဧပြီလ ၃ဝ ရက် နောက်ဆုံးထားပေးပို့ တင်ပြကြရန် ညွှန်ကြားချက် ထုတ်ပြန်အကြောင်းကြားခဲ့ပါကြောင်း၊ သို့သော်လည်း မြို့နယ်ပေါင်း ၃၂၅ မြို့နယ်အနက် ယနေ့အထိ သုံးမြို့နယ် ပေးပို့တင်ပြရန် ကျန်ရှိနေပါ ကြောင်း၊ ကျန်ရှိသည့် မြို့နယ်များအနေဖြင့် လုပ်ငန်းပြီးစီး မှုများကို အမြန်ဆုံးပေးပို့ကြရန်နှင့် အကြောင်းအမျိုးမျိုး ကြောင့် ဆောင်ရွက်နိုင်ခြင်းမရှိသည့် လုပ်ငန်းများအတွက် ပိုလျှံငွေများကိုလည်း သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်ခွဲ မှတစ်ဆင့် ပြန်လည်အပ်နှံကြရန် အသိပေးပြောကြားလိုပါ ကြောင်း။
ထို့အပြင် နောင်လာမည့် ဘဏ္ဍာနှစ်အတွက် မဲဆန္ဒနယ်မြေအလိုက် ဦးစားပေးလုပ်ငန်းများကို ကြိုတင် လေ့လာစိစစ်ထားကြစေလိုပါကြောင်း၊ မြို့နယ်အလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ခွင့်ပြုဘဏ္ဍာနှစ်အတွင်း ပြီးစီးရန် တာဝန်ယူ ဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းအားလုံးအတွက် ငွေပေးချေခြင်း အပါအဝင် အထောက်အထားများ စုံလင်စွာ ထိန်းသိမ်းထားရှိပြီး စနစ်တကျ စစ်ဆေးမှုခံယူနိုင်ရေး အလေးထားဆောင်ရွက် ကြရန် မှာကြားလိုပါကြောင်း။
လွှတ်တော်အသီးသီး၏ လွှတ်တော်အစည်းအဝေး များ ရပ်နားထားစဉ်ကာလတွင် မိမိတို့၏ မဲဆန္ဒနယ်မြေ အသီးသီးတွင်ရှိသည့် ပြည်သူတို့၏ မှန်ကန်သည့်အသံကို နားထောင်ပြီး နယ်မြေဒေသအလိုက် လိုအပ်ချက်များကို ဥပဒေနှင့်အညီ တတ်စွမ်းသရွေ့ ဝိုင်းဝန်းကူညီပူးပေါင်း ဆောင်ရွက်ခဲ့ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်း အဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာ သည်။
အောင်ရဲသွင်၊ အေးအေးသန့်(သတင်းစဉ်)
No comments:
Post a Comment