Tuesday, June 26, 2018

အဆိပ်ချခြင်းနှင့် ဘက်ထရီရှော့တိုက်ငါးဖမ်းခြင်း ပပျောက်စေရန် စစ်ကိုင်းဒေသ၌ ဖော်ဆောင်

Image may contain: one or more people, tree, table and outdoor
စစ်ကိုင်း ဇွန် ၂၅
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ငါးသယံဇာတ
ထိန်းသိမ်းရေး ငါးမျိုးပြုန်းတီးမှုမရှိစေရန် တရားမဝင်ငါးဖမ်းဆီးမှုများဖြစ်သော အဆိပ်
ချ ငါးဖမ်းခြင်း၊ ဘက်ထရီရှော့တိုက်ငါးဖမ်း
ခြင်းများ ပပျောက်စေရန်အတွက် စစ်ကိုင်း
တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန
ကြီးကြပ်မှုဖြင့် ခရိုင်နှင့် မြို့နယ်ငါးလုပ်ငန်း
ဦးစီးဌာနများ၌ စီမံချက်များရေးဆွဲ အကောင်
အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စီမံကိန်းဆောင်ရွက်
''တည်ဆဲ ငါးလုပ်ငန်းဥပဒေတွေ ဒါမှ မဟုတ် ခေတ်နဲ့အညီ ပြုပြင်ရေးဆွဲထားတဲ့
ငါးလုပ်ငန်းဆိုင်ရာ ဥပဒေတွေကို နိုင်ငံတကာ
ပြဋ္ဌာန်းချက်တွေနဲ့အညီ လိုက်လျောညီထွေ
ရှိစေဖို့ ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် ငါးလုပ်ငန်းဆိုင်ရာ စာရင်းအင်းအချက်
အလက်တွေကို ဆက်စပ်ပြီး ဝန်ကြီးဌာန တွေရဲ့ သတ်မှတ်အညွှန်းကိန်း ပုံစံတွေနဲ့ အညီ ပြုစုဆောင်ရွက်နေပါတယ်။ ဒါ့အပြင်
ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေ၊ ဖွံ့ဖြိုးမှု
မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး
ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာန
ရဲ့မူဝါဒတွေနဲ့ ကိုက်ညီတဲ့ စီမံကိန်းလုပ်ငန်း
တွေကို ရေးဆွဲဆောင်ရွက်ဖို့ရှိပါတယ်'' ဟု
စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန
တာဝန်ရှိသူက ပြောသည်။
၂ဝ၁၈ ခုနှစ် နှစ်စမှ မေလကုန်အထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အင်းအိုင်
ခွန်၊ တင်ဒါခွန်၊ ငါးဖမ်းကိရိယာခွန်၊ သား
ဖောက်လိုင်စင်ခွန်နှင့် ဝယ်စုလိုင်စင်ခွန်
စသည့် လုပ်ငန်းများမှစုစုပေါင်းငွေကျပ် ၈၈၆
ဒသမ ၇၆၁၂၅ သန်း ကောက်ခံရရှိထားပြီး ပြီးခဲ့သည့် ၂ဝ၁၇-၂ဝ၁၈ ခုနှစ် တစ်နှစ်တာ ကာလအတွင်း အခွန်အရပ်ရပ်ကောက်ခံ
ရရှိမှုမှာ ငွေကျပ် ၁၂၆၃ ဒသမ ၇၃၂ဝ၉၅ သန်း
ရရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ထိရောက်စွာ အရေးယူသင့်
''ဧရာဝတီမြစ် လင်းပိုင်ထိန်းသိမ်းရေး
နယ်မြေထဲမှာ ဘက်ထရီရှော့တိုက်ငါးဖမ်း
တာမျိုးတွေကို ပြင်းပြင်းထန်ထန် အရေးယူ
သင့်ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ်က
ဘက်ထရီရှော့တိုက်လို့ ဧရာဝတီလင်းပိုင် သေဆုံးခဲ့ဖူးပါတယ်''ဟု ဧရာဝတီလင်းပိုင်
ထိန်းသိမ်းရေးတွင် ပါဝင်ဆောင်ရွက်နေသူ
ရေလုပ်သားတစ်ဦးက ပြောသည်။
မွေးမြူရေးငါး၊ အင်းငါး၊ ဘုံငါးစသည့်
စီမံကိန်းငါးထုတ်လုပ်မှုကို စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ၂ဝ၁၈-၂ဝ၁၉ ခုနှစ်
အတွက် ပိဿာထောင်ပေါင်း ၂၂၂၇၁ လျာ
ထားသတ်မှတ်ထားရာ ၂ဝ၁၈ ခုနှစ် ဧပြီ ၁ ရက်
မှ မေ ၃၁ရက်အထိ တစ်လတာကာလအတွင်း
စီမံကိန်းငါးပိဿာ ထောင်ပေါင်း ၄၃ဝ ဒသမ ၅ဝ ထုတ်လုပ်ခဲ့ကြောင်း သိရသည်။
ငါးမျိုးပြုန်းတီးမှုမရှိစေရန်အတွက် စစ်ကိုင်း
တိုင်းဒေသကြီး ရေဦးငါးလုပ်ငန်းစခန်း၊
ရွှေဘိုငါးလုပ်ငန်းစခန်းနှင့် အင်ကြင်းကုန်း
ငါးလုပ်ငန်းစခန်းတို့မှ ၂ဝ၁၈ခုနှစ် ဧပြီ ၁ ရက်
မှ မေ ၃၁ ရက်အတွင်း ငါးသားပေါက်
ကောင်ရေ ငါးသိန်း ထုတ်လုပ်ခဲ့ပြီး
ငါးကောင်ရေ နှစ်သိန်းကို ဖြန့်ဖြူးရောင်းချကာ ငါးကောင်ရေ သုံးသိန်းကို ငါးမျိုးစိုက်ထည့် ခဲ့ကြောင်း သိရသည်။
မျိုးဝင်းထွန်း(မုံရွာ)

No comments:

Post a Comment