Tuesday, June 26, 2018

ရှင်ဟွန်ဂျွန်ရဲ့ ဒုတိယမြောက်သားလေး မွေးဖွား

Image may contain: 1 person, closeup
တောင်ကိုရီးယားရဲ့ နာမည်ကျော်မင်းသားတစ်ဦးဖြစ်တဲ့ ရှင်ဟွန်ဂျွန်ဟာ လတ်တလောမှာတော့ ဒုတိယမြောက်သားလေးကို မျက်နှာမြင်ခွင့်ရခဲ့ပြီဖြစ်ပါတယ်။ သားနှစ်ယောက်ရဲ့ဖခင်ဖြစ်လာ ခဲ့ပြီဖြစ်တဲ့ ရှင်ဟွန်ဂျွန်က ဒုတိယမြောက်သားလေး မွေးဖွားခဲ့ပြီဖြစ်ကြောင်း သူ့ရဲ့ အင်စတာ ဂရမ်စာမျက်နှာပေါ်ကနေတစ်ဆင့် ဖော်ပြခဲ့တာဖြစ်တယ်လို့ အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်မှာ ရှင်ဟွန်ဂျွန်ရဲ့ သားလေးကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ သားလေးကိုချီထားတဲ့ သူ့ရဲ့ဓာတ်ပုံကို ဖော်ပြခဲ့ရာမှာတော့ သားလေးမျက်နှာကို တစ်ခြမ်းလောက်သာ ဖော်ပြခဲ့ပြီး အောက်မှာတော့ အမှတ်တရ စာသားတွေကို ရေးသားဖော်ပြခဲ့တာကိုလည်း တွေ့ရပါတယ်။
ဒါ့အပြင် မင်းသားက ဇနီးဖြစ်သူကိုလည်း သားလေးမွေးဖွားပေးခဲ့တဲ့အတွက် ကျေးဇူး တင်ကြောင်း ထည့်သွင်းရေးသားဖော်ပြခဲ့ပါတယ်။ သူ့အနေနဲ့ အနာဂတ်မှာ ပိုမိုကောင်းမွန်သူ တစ်ဦးဖြစ်အောင် ကြိုးစားသွားမှာဖြစ်ကြောင်းလည်း ရေးသားဖော်ပြခဲ့ပါတယ်။
အေးပြည့်

No comments:

Post a Comment