Tuesday, June 26, 2018

အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းဖိတ်ခေါ် ပြိုင်ပွဲကျင်းပ

Image may contain: one or more people, people playing sports and basketball court
နေပြည်တော် ဇွန် ၂၅
အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ်အဖြစ်
မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်က ကြီးမှူးကျင်းပ သည့် ပိုက်ကျော်ခြင်းဖိတ်ခေါ်ပြိုင်ပွဲကို ဇွန် ၂၅ ရက် နံနက်
၈ နာရီက ဝဏ္ဏသိဒ္ဓိ TC-1 ပိုက်ကျော်ခြင်း လေ့ကျင့်ရေး
ရုံ၌ ကျင်းပသည်။
ပြိုင်ပွဲဝင်အသင်းများအဖြစ် နှစ်ယောက်တွဲ အမျိုးသား
အလွတ်တန်းပြိုင်ပွဲတွင် အသင်းခြောက်သင်းဖြင့်လည်း
ကောင်း၊ သုံးယောက်တွဲ အမျိုးသမီး အလွတ်တန်းပြိုင်ပွဲ
တွင် အသင်းခြောက်သင်းဖြင့်လည်းကောင်း၊ လူသစ်တန်း
အမျိုးသား သုံးယောက်တွဲပြိုင်ပွဲတွင် အသင်း ခြောက်သင်း
ဖြင့်လည်းကောင်း ဇွန် ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပ လျက်ရှိကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး
ဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ အားကစား
နှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မောင်မောင်ဇော်

No comments:

Post a Comment