Friday, June 1, 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သံချပ်ကာယန္တရားသင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှု

Image may contain: 10 people, shoes
နေပြည်တော် မေ ၃၁
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ကျောက်ဆည် တပ်နယ် သံချပ်ကာယန္တရားသင်တန်းကျောင်းရှိ နည်းပြ အရာရှိ၊ စစ်သည်များနှင့် သင်တန်းသားအရာရှိ၊ စစ်သည် များအား တွေ့ဆုံအမှာစကားပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော် ဆိုသည်မှာ နိုင်ငံတော်၏အစိတ်အပိုင်းတစ်ခုဖြစ်ပြီး နိုင်ငံတော်အတွင်း နေထိုင်ကြသူများအားလုံး ကြိုးစား ဆောင်ရွက်လျှင် တိုင်းပြည်တိုးတက်ကောင်းမွန်မည်ဖြစ် ကြောင်း၊ တပ်မတော်သားတိုင်းတစ်ဦးချင်းကြိုးစား ဆောင်ရွက်ခြင်းဖြင့်လည်း နိုင်ငံတော်ကို အထောက်အကူ ပြုသည့် တပ်မတော်တစ်ရပ်ဖြစ်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိကိုယ်ကို သစ္စာရှိရန်၊ တပ်မတော်အပေါ် သစ္စာရှိရန်၊ နိုင်ငံတော်အပေါ် သစ္စာရှိရန် လိုအပ်ကြောင်းမှာကြား သည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းကျောင်းမှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် သုတ၊ ရသ စာအုပ်စာစောင်များပေးအပ်ရာ ကျောင်းအုပ် ကြီးက လက်ခံရယူသည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်တို့က အားကစားပစ္စည်းများနှင့် ရွှေဖီဦး အသင့်ဖျော်လက်ဖက်ရည်ထုပ်များကို ပေးအပ်ရာ တာဝန်ရှိ သူများက လက်ခံရယူကြသည်။
ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်းကျောင်းအတွင်းရှိ ယာဉ် ယန္တရား သင်ထောက်ကူပစ္စည်းပုံစံ သရုပ်ပြခန်းများအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး သင်တန်းသားများ နှင့်အတူ နေ့လယ်စာ အတူတကွသုံးဆောင်ကြသည်။
ထို့နောက် သင်တန်းကျောင်းအစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီးက သင်တန်းများ ဖွင့်လှစ်သင်ကြားနေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment