Friday, June 1, 2018

မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ အစည်းအဝေးကျင်းပ

Image may contain: 3 people, people sitting, table and indoor
နေပြည်တော် မေ ၃၁
မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ် ရေးကော်မတီ(၂/၂ဝ၁၈) အစည်း အဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပရာ မော်တော် ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက် အမှာစကား ပြောကြားသည်။
မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သောလုပ်ငန်းများကြီးကြပ် ရေးကော်မတီအနေဖြင့် ပြည်ပမှ တင်သွင်းယာဉ်များကို ထုတ်လုပ် သည့်ခုနှစ် သတ်မှတ်ချက်ကို တိုးမြှင့် သတ်မှတ်ခဲ့ပြီး ပြည်တွင်းထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်တွင်း ထုတ်လုပ်မှုတွင်လည်း ကုန်စည် ပို့ဆောင်ရေးနှင့် လုပ်ငန်းများတွင် အဓိကလိုအပ်ချက်ရှိသည့် ကုန်တင် ယာဉ်များ၊ ခရီးသည်တင်ယာဉ်များထုတ်လုပ်နိုင်ရန်အတွက် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကြီးကြပ်ရေး ကော်မတီတွင် ပါဝင်သည့်ဌာနဆိုင်ရာ အသီးသီးမှလည်း ဝိုင်းဝန်းဆွေးနွေး အကြံပြုပေး ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြ သည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူ များကလည်း မိမိတို့လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ပေး သည်။
သတင်းစဉ်

No comments:

Post a Comment