Friday, June 29, 2018

ဗီယက်နမ်မြောက်ပိုင်း၌ ရေလွှမ်းမိုး၍ သေဆုံးသူ ၂၂ ဦးအထိ တိုးလာ

Image may contain: one or more people, hat and outdoor
ဟနွိုင်း ဇွန် ၂၈
ဗီယက်နမ်နိုင်ငံမြောက်ပိုင်းရှိ တောင်ကုန်း တောင်တန်းထူထပ်သော ပြည်နယ်များ၌ ယခုရက်သတ္တပတ်ကုန်ပိုင်းက မိုးသည်းထန် စွာရွာသွန်းမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ လူ ၂၂ ဦးထက်မနည်း သေဆုံးခဲ့ရပြီး လူကိုးဦး ပျောက်ဆုံးနေကြောင်း ဗီယက်နမ် နိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဦးဆောင်ကော်မတီက ဇွန် ၂၇ ရက်တွင် ပြောကြားသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြို မှုများဖြစ်ပွားခဲ့ရာ ဟိုင်ချူးပြည်နယ်တွင် ၁၆ ဦး၊ ကီဟာဂန်းပြည်နယ်တွင် ငါးဦးနှင့် ကွမ်နင်း ပြည်နယ်တွင် လူတစ်ဦးတို့ သေဆုံးခဲ့ကြရပြီး ရေလွှမ်းမိုးမှုကြောင့် လူနေအိမ်ခြေများ ပျက်စီး ခဲ့ရသည်။
ပျောက်ဆုံးနေသူငါးဦးကို ဇွန် ၂၈ ရက် နံနက်ပိုင်းအထိ ရှာဖွေနေဆဲဖြစ်ပြီး ¤င်းတို့မှာ လီချူပြည်နယ်မှ အခြားနေရာသို့ ရေစီးဖြင့် မျောပါသွားဖွယ်ရှိသည်။
အဆိုပါဒေသအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြေပြိုမှုများကြောင့် လီချူ ပြည်နယ်တွင် ထိခိုက်ဒဏ်ရာရသူ ၁၅ ဦး ရှိပြီး ဆွန်လာပြည်နယ်တွင် တစ်ဦးရှိ ကြောင်း သတင်းတွင် ဖော်ပြသည်။
ဗီယက်နမ်နိုင်ငံမြောက်ပိုင်းရှိ ပြည်နယ် အချို့တွင် ယခုရက်သတ္တပတ်ကုန်ရက်ပိုင်း အတွင်း ဖြစ်ပွားသည့် ရုတ်တရက်ရေလွှမ်း မိုးမှုများနှင့် မြေပြိုမှုများကြောင့် ပျက်စီး ဆုံးရှုံးခံရမှု တန်ဖိုးမှာ ဗီယက်နမ်ဒေါင် ၄၅၇ ဒသမ ၈ ဘီလီယံ(အမေရိကန် ဒေါ်လာ ၂ဝ ဒသမ ၁ သန်း)ရှိကြောင်း သတင်းတွင် ဖော်ပြသည်။
ဆင်ဟွာ

No comments:

Post a Comment