Friday, June 1, 2018

လုပ်သားအင်အား လိုအပ်ချက်ဖြည့်ဆည်းနိုင်ရေးနိုင်ငံခြားအလုပ်သမားများ ဂျပန်ခေါ်ယူမည်

Image may contain: 2 people, suit
တိုကျို မေ ၃၁
ဂျပန်နိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးတို့ကဲ့သို့သော လုပ်ငန်းကဏ္ဍများ၌ လုပ်သားအင်အား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်စေရေးအတွက် ၂ဝ၂၅ ဘဏ္ဍာနှစ်အထိ နိုင်ငံခြားအလုပ်သမား ၅ဝဝဝဝဝ ကျော်ကို လာရောက်လုပ်ကိုင်ခွင့်ပြုရန် အစိုးရအဖွဲ့က ဆုံးဖြတ်လိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက မေ ၃၁ ရက်တွင် သတင်းထုတ်ပြန်သည်။
ဂျပန်နိုင်ငံသည် အလုပ်အကိုင်ဈေးကွက်ကို တင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားခဲ့ရာမှ ဖြေလျှော့မည့်လက္ခဏာ ပြသလျက်ရှိစဉ် အစိုးရအဖွဲ့က အထက်ပါအတိုင်း ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ စီးပွားရေးမူဝါဒသစ်နှင့်ပတ်သက်၍ ဇွန်လလယ်တွင် အပြီးသတ်မူကြမ်းရေးဆွဲရန် ပြင်ဆင်နေပြီး ယင်းမူဝါဒသစ်တွင် နိုင်ငံခြားအလုပ်သမားများ ခေါ်ယူရေးပါဝင်မည်ဖြစ်ကြောင်း၊ နိုင်ငံခြားအလုပ်သမား များအား အလုပ်အကိုင် ဈေးကွက်ဖွင့်လှစ်ပေးနိုင်ရေးအတွက် လိုအပ်သည့် ဥပဒေရေးရာကိစ္စရပ်များကို လာမည့် ဆောင်းဦးပေါက်ရာသီတွင် လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားကြသည်။
အလုပ်အကိုင်ဈေးကွက် ပိုမိုဖွင့်လှစ်ပေးရေးဆိုင်ရာ အခြေခံမူဘောင်အရ လယ်ယာစိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ သစ်ထုတ်ရေး၊ သူနာပြုနှင့် သင်္ဘောတည်ဆောက်ရေးတို့ဖြစ်သော လုပ်ငန်းနယ်ပယ်ကဏ္ဍငါးရပ်တွင် နိုင်ငံခြား အလုပ်သမားများကို ဝင်ရောက်လုပ်ကိုင်ခွင့်ပေးမည်ဆို၏။
ကျိုဒို

No comments:

Post a Comment