Friday, June 1, 2018

မက်ဆီဒိုးနီးယား နိုင်ငံအမည် ပြောင်းလဲရေးပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်မည်ဟုဆို


Image may contain: 1 person========

စကော့ပီယေး မေ ၃၁
အိမ်နီးချင်းနိုင်ငံဖြစ်သော ဂရိနိုင်ငံနှင့် အကြီးအကျယ်အငြင်းအခုံဖြစ်ပွားနေမှုကို အဆုံးသတ်စေမည့် သဘောတူညီချက် တစ်ရပ်အရ မက်ဆီဒိုးနီးယားနိုင်ငံအတွက် နိုင်ငံအမည်နာမသစ်ကို ပြည်သူတို့လက်ခံလိုခြင်း ရှိ၊ မရှိ လာမည့် ဆောင်းဦးပေါက်ရာသီတွင် ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ်မည်ဖြစ်ကြောင်း မက်ဆီဒိုးနီးယားဝန်ကြီးချုပ် ဇိုရန် ဇာယေ့ဗ်က ပြောကြားလိုက်သည်။
မက်ဆီဒိုးနီးယားနိုင်ငံ၏ နိုင်ငံအမည်နာမနှင့်ပတ်သက်၍ ဆယ်စုနှစ်ပေါင်းများစွာကြာမျှ ဂရိနိုင်ငံနှင့် အငြင်းပွားမှု ဖြစ်ပေါ်ခဲ့ပြီးနောက် အဆိုပါနှစ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများသည် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ နိုင်ငံခြားရေးဝန်ကြီးများသည် မေ ၂၈ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ဝန်ကြီးချုပ် ဇာယေ့ဗ်က အထက်ပါအတိုင်း ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။
နိုင်ငံအမည်နာမပြောင်းလဲရေးနှင့်ပတ်သက်၍ သဘောတူညီချက်ရရှိရေးအတွက် အခြေခံမူဘောင်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း ဝန်ကြီးချုပ် ဇာယေ့ဗ်က သတင်းထောက်များကို မေ ၃ဝ ရက်တွင် ပြောကြားသည်။
မက်ဆီဒိုးနီးယားသမ္မတနိုင်ငံဟူသော နိုင်ငံအမည်နာမသည် ဂရိနိုင်ငံမြောက်ပိုင်းရှိ ပြည်နယ်တစ်ခု၏အမည်နာမ နှင့်တူညီနေသဖြင့် ယင်းနိုင်ငံ၏အမည်နာမကို ဂရိနိုင်ငံက အစဉ်တစိုက်ကန့်ကွက်လာခဲ့သည်။
အေအက်ဖ်ပီ

No comments:

Post a Comment