Friday, June 1, 2018

အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေး ကျင်းပနိုင်ရေး ဆက်လက်ဆွေးနွေး

Image may contain: one or more people, people sitting, table and indoor
ဝါရှင်တန် မေ ၃၁
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနှင့် မြောက်ကိုရီးယားအလုပ်သမားပါတီ ဒုတိယဥက္ကဋ္ဌ ကင်ယောင်ချိုတို့သည် နယူးယောက်မြို့တွင် ယနေ့တွေ့ဆုံ ခဲ့ပြီး နှစ်နိုင်ငံထိပ်သီးအစည်းအဝေး ကျင်းပနိုင်ရေး အတွက် ဆွေးနွေးခဲ့ကြကြောင်း ယနေ့သတင်းများအရ သိရသည်။
ဝန်ကြီးမိုက်ပွန်ပီယိုနှင့် မြောက်ကိုရီးယား အလုပ် သမားပါတီ ဒုတိယဥက္ကဋ္ဌ ကင်ယောင်ချိုတို့သည် မေ ၃ဝ ရက်တွင် နယူးယောက်မြို့သို့ သီးခြားစီရောက်ရှိခဲ့ကြသည်။
အမေရိကန်ပြည်ထောင်စု မန်ဟတ်တန်မြို့ရှိ အစိုးရ အဆောက်အအုံတစ်ခုတွင် ဝန်ကြီးမိုက်ပွန်ပီယိုနှင့် မြောက်ကိုရီးယားအလုပ်သမားပါတီ ဒုတိယဥက္ကဋ္ဌ ကင်ယောင်ချိုတို့သည် မိနစ် ၉ဝ ကြာဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် ကိုရီးယားကျွန်းဆွယ်ဒေသတွင်း နျူကလီးယားလက်နက် ကင်းစင်ပပျောက်ရေးအတွက် အဓိကထားဆွေးနွေးခဲ့ကြသည်ဟု အိမ်ဖြူတော် ပြောရေး ဆိုခွင့်ရှိသူ ဆာရာဆန်းဒါးစ်က မီဒီယာသို့ ပြောကြားခဲ့ သည်။
အမေရိကန်-မြောက်ကိုရီးယားနှစ်နိုင်ငံ ထိပ်သီး အစည်းအဝေးပွဲ ကျင်းပနိုင်ရေးအတွက် မြောက်ကိုရီးယား အလုပ်သမားပါတီ ဒုတိယဥက္ကဋ္ဌ ကင်ယောင်ချိုနှင့် နယူးယောက်မြို့တွင် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများပြုလုပ် ရန် စောင့်မျှော်လျက်ရှိသည်ဟု ဝန်ကြီး မိုက်ပွန်ပီယိုက သူ၏ တွစ်တာစာမျက်နှာပေါ်တွင် အစည်းအဝေးမကျင်းပမီ တစ်ရက်က ရေးသားခဲ့ကြောင်း သိရသည်။ ထို့ပြင် ကိုရီးယားကျွန်းဆွယ်ဒေသအတွင်း နျူကလီးယားလက်နက် ကင်းစင်ပပျောက်စေရေးအတွက် အမေရိကန်နိုင်ငံအနေ ဖြင့် အစွမ်းကုန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဝန်ကြီး မိုက်ပွန်ပီယိုက ရေးသားထားသည်။
နျူကလီးယားလက်နက်ကို ပိုင်ဆိုင်ထားပြီး ဖြစ် ကြောင်း မြောက်ကိုရီးယားနိုင်ငံက အခိုင်အမာဆိုခဲ့သော် လည်း စီးပွားရေးပိတ်ဆို့မှုများမှ ရုန်းထွက်နိုင်စေရန် နျူကလီးယားလက်နက် ကင်းစင်ပပျောက်ရေးလမ်းစဉ်သို့ ပြုံယမ်းအနေဖြင့် လျှောက်လှမ်းလျက်ရှိသည်။
ထို့ကြောင့် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီး အစည်းအဝေးကျင်းပနိုင်ရေးနှင့် နှစ်နိုင်ငံအကြား သဘောထားအမြင် ကွဲလွဲမှုများကို အဆုံးသတ်ပြီး နျူကလီးယားလက်နက် ကမ္ဘာပေါ်မှ ကင်းစင်ပပျောက် နိုင်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မလား ဆိုသည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment