
၂ဝ၁၈ ခုနှစ် ပထမအကြိမ် အဖွဲ့ချုပ်ဥက္ကဋ္ဌဖလားနှင့် အကြီးတန်းဖိတ်ခေါ် ကရာတေးဒိုပြိုင်ပွဲဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ဝင်း (မိုးလုံ၊ လေလုံ) အားကစားခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာဝင်းဇော်က အဖွင့် အမှာစကားပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဦးအောင်ဒင်၊ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာဝင်းဇော်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် အသင်းများကို လိုက်လံနှုတ်ဆက်ကြပြီး အဖွဲ့ချုပ်ဒုတိယ ဥက္ကဋ္ဌက အထက(၃)နှင့် အထက(၄) မင်္ဂလာတောင်ညွန့် ကျောင်းများသို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ကလပ်အသင်းများ၊ ဝန်ကြီးဌာနအသင်းများ၊ ပြည်ထဲရေး နှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းများ စုစုပေါင်းအသင်း ၂၇ သင်းမှ အားကစားသမား စုစုပေါင်း ၃၇ဝ တို့က အကြီးတန်း Kata/ kumiteကီလိုတန်းလိုက်ပြိုင်ပွဲများ၊ အမျိုးသား အမျိုးသမီး အသင်းလိုက်ပြိုင်ပွဲများ၊ အသက် ၁၄ နှစ်အောက်နှင့် အသက် ၁၂ နှစ်အောက် Kata/ kumite ပြိုင်ပွဲများ၊ Kata/ kumiteအလွတ်တန်း ဖိတ်ခေါ်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
အား/ကာ
No comments:
Post a Comment