Wednesday, June 27, 2018

တိတ်တဆိတ်လက်ထပ်ထားတဲ့လီယမ်ဟမ်းစ်ဝါ့သ်နဲ့မိုင်လီဆိုင်းရပ်စ်

Image may contain: 2 people, people standing and suit
သြစတြေးလျသရုပ်ဆောင်မင်းသား လီယမ်ဟမ်းစ်ဝါ့သ်နဲ့ အမေရိကန်ပေါ့ပ်ကြယ်ပွင့် မိုင်လီ ဆိုင်းရပ်စ်တို့ဟာ မင်းသားရဲ့ ဇာတိမြေဖြစ်တဲ့ မလီဘူးမှာ တိတ်တဆိတ် လက်ထပ်ခဲ့ပြီးဖြစ်ကြောင်း လတ်တလောမှာတော့ ကောလာဟလတွေ ပေါ်ထွက်လျက်ရှိတယ်လို့ အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
လိုက်ဖ်အန်စတိုင်မဂ္ဂဇင်းက မိုင်လီဆိုင်းရပ်စ်နဲ့ လီယမ်ဟမ်းစ်ဝါ့သ်တို့ မလီဘူးမှာ လက်ထပ်လိုက်ပြီဖြစ်ကြောင်း ဦးစွာရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒီမဂ္ဂဇင်းမှာ ဖော်ပြချက် အရ ကြယ်ပွင့်မောင်နှံဟာ တိတ်တဆိတ်လက်ထပ်ထားခဲ့တာဖြစ်ကြောင်း၊ စေ့စပ်ခဲ့ပြီးနောက် နှစ်နှစ်အကြာမှာ မင်္ဂလာပွဲကျင်းပခဲ့တာဖြစ်ကြောင်း သိရပါတယ်။
မလီဘူးမှာရှိတဲ့နေအိမ်မှာ မင်္ဂလာပွဲကျင်းပခဲ့တာဖြစ်ပြီး ပတ်ဝန်းကျင်ကတောင် မင်္ဂလာ အခမ်းအနားကို သတိမမူမိတာ ဖြစ်ပါတယ်။ ကလေးတွေကတော့ ခြံဝန်းထဲမှာ ပြေးလွှားကစား နေကြပြီး ဒီမင်္ဂလာပွဲကို လီယမ်ရဲ့ မိသားစုတွေအပြင် မိုင်လီဆိုင်းရပ်စ်ရဲ့ မိဘနှစ်ပါးစလုံး တက်ရောက်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ လီယမ်ဟမ်းစ်ဝါ့သ်နဲ့ ညီအစ်ကိုတွေဖြစ်ကြတဲ့ သရုပ်ဆောင် ခရစ်ဟမ်းစ်ဝါ့သ်နဲ့ လု့ခ်ဟမ်းစ်ဝါ့သ်တို့လည်း တက်ရောက်ခဲ့ကြတယ်လို့ သိရ ပါတယ်။ ဒီမင်္ဂလာပွဲမှာ မိုင်လီဆိုင်းရပ်စ်ဟာ ပန်းပွင့်တွေလွှမ်းခြုံထားတဲ့ အဖြူရောင်သတို့သမီး ဝတ်စုံကိုဝတ်ဆင်ထားပြီး ပရိသတ်တွေအတွက် ''Island in the Stream'' တေးသီချင်းကို ကိုယ်တိုင်သီဆိုဖျော်ဖြေပေးခဲ့ပါတယ်။
လတ်တလောပေါ်ထွက်လာခဲ့တဲ့ သတင်းနဲ့ပတ်သက်ပြီး ကာယကံရှင်တွေဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားခြင်း မရှိသေးပါဘူး။ သူတို့နှစ်ဦးဟာ ၂ဝ၁၂ ခုနှစ်အတွင်း စေ့စပ်ကြောင်းလမ်းခဲ့ကြပြီး တစ်နှစ်အကြာမှာတော့ လမ်းခွဲခဲ့ကြပါတယ်။ အဲဒီနောက် ၂ဝ၁၆ ခုနှစ်အတွင်း နောက်တစ်ကြိမ် အချစ်ခရီးဆက်ခဲ့ကာ ပြန်လည်စေ့စပ်ခဲ့ကြတာ ဖြစ်ပါတယ်။
အေးပြည့်

No comments:

Post a Comment