Wednesday, June 27, 2018

ကရင်ပြည်နယ်၌ တစ်နှစ်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၅၂ဝ မှ တရားခံ ၇၇၉ ဦးအား ဖမ်းဆီးအရေးယူနိုင်ခဲ့

Image may contain: 9 people, people standing
ဘားအံ ဇွန် ၂၆
ကရင်ပြည်နယ်အတွင်း ၂ဝ၁၇ ခုနှစ် ဇွန် ၂၆ ရက်မှ ၂ဝ၁၈ ခုနှစ် ဇွန် ၂ဝ ရက်ထိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု အနေဖြင့် အမှုပေါင်း ၅၂ဝ မှ အမျိုး သား တရားခံ ၆၅၂ ဦး၊ အမျိုးသမီး တရားခံ ၁၂၇ ဦး စုစုပေါင်း ၇၇၉ ဦး တို့ ဖမ်းဆီးနိုင်ခဲ့သည်။ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၃ သိန်း ကျော်၊ စိတ်ပြောင်းဆေးဝါးထိုးဆေး အလုံး ၄ဝဝဝ၊ အိုက်စ် ၂ ဒသမ ၆၅ ကီလို၊ ဘိန်းစာရွက် ၂၄၅ဝ ဂရမ်၊ လက်နက်မျိုးစုံ ၃၁ လက်၊ လက်ပစ် ဗုံး ၂၆ လုံး၊ ကျည်မျိုးစုံ ၄၁ဝ တောင့်၊ လက်လုပ်မိုင်း တစ်လုံး၊ မော်တော် ယာဉ် အစီး ၇ဝ၊ ဆိုင်ကယ် ၁၃၇စီး၊ မြန်မာငွေကျပ် ၁၈၆ သိန်းကျော်၊ ထိုင်း ဘတ် ခုနစ်သောင်းကျော်တို့နှင့် အတူ ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ဇွန် ယနေ့ ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် (၃၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ် မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားမှ သိရသည်။
အခမ်းအနားတွင် ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က အဖွင့်အမှာစကားပြောကြားပြီး မူးယစ်
ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး
ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက မူးယစ်ဆေးဝါးနှင့်စိတ်
ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေထံမှ ပေးပို့ သည့် သဝဏ်လွှာကို ဖတ်ကြားကာ ဘားအံတက္ကသိုလ် ကျောင်းသားများ ၏ YOUTH POWERလူငယ့် စွမ်းအားအဖွဲ့မှ တစ်ခန်းရပ်ပြဇာတ်၊ အထက ၄ ဘားအံမှ စတုတ္ထတန်း ကျောင်းသူ မသစ်သစ်သာက ပုံပြင် ဖြင့် တင်ဆက်ဖျော်ဖြေသည်။
ထို့နောက် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်း သူဇာဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးမျိုးမင်းနောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်ရဲတပ်ဖွဲ့ မှူးရဲမှူးကြီးကြည်လင်းတို့က အပြည် ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့အထိမ်းအမှတ် ကာတွန်း၊ ပန်းချီ၊ ပိုစတာ၊ စာစီစာကုံး၊ ကျပန်း စကား ပြောပြိုင်ပွဲများတွင် ဆုရရှိသူ များနှင့် တစ်နှစ်တာအတွင်း မူးယစ်
ဆေးဝါး တားဆီးနှိမ်နင်းရာတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပါဝင်သူ များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့် ခဲ့သည်။
အခမ်းအနားသို့ တက်ရောက်လာ သူများက ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့ များ ခင်းကျင်းပြသထားသည့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ၊ ပိုစတာပြိုင်ပွဲ ဆုရလက်ရာများ၊ မူးယစ်ဆေးဝါးအသိ ပညာပေးပြခန်း၊ ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ် ပိုစတာများ၊ မှုခင်းပညာပေးပြခန်းနှင့် ပညာပေးယာဉ်တို့အား ကြည့်ရှုလေ့လာ ခဲ့ကြကြောင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် မူးယစ်ဆေးဝါး အသိပညာပေး လက်ကမ်းစာစောင် များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:

Post a Comment