Wednesday, June 27, 2018

ဝင်ဘလေမှာ တေလာဆွစ်နဲ့အတူ တွဲဖက်ဖျော်ဖြေခဲ့တဲ့ ရော်ဘီဝီလီယမ်

Image may contain: 2 people, people standing
ဗြိတိန်ရဲ့ နာမည်ကျော်တေးသံရှင်တစ်ဦးဖြစ်တဲ့ ရော်ဘီဝီလီယမ်ရဲ့ ဝင်ဘလေကွင်းမှာ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲမှာတော့ ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်နဲ့ တွဲဖက်ဖျော်ဖြေခဲ့ပါတယ်။ ဂရမ်မီဆုများရှင် တေလာဆွစ်အနေနဲ့ ရော်ဘီဝီလီယမ်ရဲ့ ဖျော်ဖြေပွဲမှာ ပါဝင်ဖျော်ဖြေ ခဲ့တဲ့အပေါ် ပရိသတ်တွေ အံ့အားသင့်ခဲ့ရကြောင်း အေ့စ်ရှိုးဘစ်ဇ် ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ရော်ဘီဝီလီယမ်ဟာ နာမည်ကျော်တေးသံရှင်တစ်ဦးဖြစ်ပြီး ယခုနှစ်ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားမှာ ပါဝင်ဖျော်ဖြေပေး ခဲ့သူလည်း ဖြစ်ပါတယ်။ ဗြိတိန်ရဲ့ အလွန်ကိုကျော်ကြားတဲ့ ပေါ့ပ်ကြယ်ပွင့်ဟာ လတ်တလောမှာ ကျင်းပခဲ့တဲ့ သူ့ရဲ့ ဖျော်ဖြေပွဲမှာ တော့ အမေရိကန်ပေါ့ပ်ကြယ်ပွင့်နဲ့အတူ တွဲဖက်ဖျော်ဖြေခဲ့တာပါ။ ဒါ့အပြင် တေလာဆွစ်က ရော်ဘီဝီလီယမ်ရဲ့ ကျော်ကြားတဲ့ တေးသီချင်း ''Angels''ကို ပြန်လည်သီဆိုခဲ့ပြီး စန္ဒရားတီးကာ ဖျော်ဖြေပေးခဲ့တာကိုလည်း တွေ့ရပါတယ်။
တေလာဆွစ်က ရော်ဘီဝီလီယမ်ရဲ့ ဖျော်ဖြေပွဲမှာ နှစ်ဦးသား တွဲဖက်ဖျော်ဖြေနေစဉ် ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံကို သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဖော်ပြခဲ့တာပါ။ ရော်ဘီဝီလီယမ် ကလည်း တေလာဆွစ်နဲ့ သူ့ရဲ့ ပူးပေါင်းဖျော်ဖြေမှုအမှတ်တရပုံရိပ် တွေကို သူ့ရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဖော်ပြခဲ့တာ ကိုလည်း တွေ့ရပါတယ်။ ဒီလိုဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေအရ ရော်ဘီဝီလီယမ်က တေလာဆွစ်ရဲ့ တေးအယ်လ်ဘမ်သစ် ''Reputation'' ရဲ့ ဓာတ်ပုံနဲ့ စာသားတွေပါဝင်တဲ့ တီရှပ်ကို ဝတ်ဆင် ဖျော်ဖြေခဲ့တာကိုလည်း တွေ့ရပါတယ်။
လတ်တလောမှာ တေလာဆွစ်ဟာ သူ့ရဲ့ နောက်ဆုံးထွက်ရှိ ထားတဲ့ တေးအယ်လ်ဘမ်သစ် ''Reputation''အတွက် နယ်လှည့် ဖျော်ဖြေပွဲတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ နယ်လှည့်ဖျော်ဖြေရေး ခရီးစဉ်တွေအနက် နောက်ဆုံးပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲမှာတော့ တေလာဆွစ်ဟာ ဗြိတိန်ရဲ့ အလွန်ကိုကျော်ကြားတဲ့ အမျိုးသားတေးဂီတ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ''One Direction''ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ နီးလ်ဟော်ရန်ကို ဧည့်သည်အဖြစ် ဖိတ်ကြားဖျော်ဖြေခဲ့စေတာကိုလည်း တွေ့ရပါတယ်။ အဖွဲ့လိုက်လှုပ်ရှားမှုတွေ ရပ်နားပြီး တစ်ကိုယ်တော် တေးသံရှင်တစ်ဦးအဖြစ် စတင်ခဲ့တဲ့ နီးလ်ဟော်ရန်က သူ့ရဲ့ တစ်ကိုယ်တော်တေးသီချင်း ''Slow Hands''ကို တေလာဆွစ်ရဲ့ ဖျော်ဖြေပွဲမှာ ပါဝင်သီဆိုပေးခဲ့ကြောင်း သိရပါတယ်။
အေးပြည့်

No comments:

Post a Comment