Wednesday, June 20, 2018

မိခင်နှင့် မွေးကင်းစကလေး သေဆုံးမှုလျော့နည်းကျဆင်းရေး အလေးထားဆောင်ရွက်လျက်ရှိ

Image may contain: 3 people, people sitting and indoor
နေပြည်တော် ဇွန် ၁၉
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် မိခင်နှင့် မွေးကင်းစကလေး သေဆုံးမှုလျော့နည်းကျဆင်းရေး အတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ Park Royal Hotel၌ ကျင်းပသည့် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုလမ်းညွှန်နှင့် ပြီးပြည့်စုံသော အရေးပေါ် သားဖွားပြုစု စောင့်ရှောက်ခြင်းဆိုင်ရာ သင်တန်းလက်စွဲရေးဆွဲထုတ်ဝေ ခြင်းဆိုင်ရာ အသိပေးအခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။
ထို့ပြင် မိခင်နှင့် မွေးကင်းစကလေး သေဆုံးမှုလျော့ နည်းကျဆင်းရေးအတွက် အထူးအလေးထားဆောင်ရွက် လျက်ရှိရာ အန္တရာယ်ကင်းစွာ မွေးဖွားနိုင်ရေးအတွက် အရည်အသွေးပြည့်ဝသော ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု သည် အရေးကြီးသောလုပ်ငန်းတစ်ခုဖြစ်ပြီး ၂ဝ၁၅-၂ဝ၁၆ ခုနှစ် မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်းအရ လေးကြိမ်နှင့်အထက် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ရရှိမှုနှုန်းမှာ ၅၉ ရာခိုင် နှုန်းသာရှိကြောင်း၊ ပြောင်းလဲတိုးတက်လာသော ကုထုံးများ ကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က အသစ်ထွက်ပေါ်လာသော လမ်းညွှန်ချက်များကို အခြေခံကာ သားဖွားမီးယပ်ဆရာဝန်ကြီးများ၊ ကျွမ်းကျင် ပညာရှင်များ၏ အကြံဥာဏ်ကို ရယူ၍ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းလမ်းညွှန် (National Antenatal Care Guideline) ကို ရေးဆွဲထုတ်ဝေခြင်းဖြစ် ကြောင်း ၎င်းက ပြောကြားသည်။
ဆက်လက်၍ မွေးဖွားစဉ် ကြုံတွေ့လာနိုင်သည့် အရေးပေါ်အခြေအနေများကို ထိရောက်စွာ စောင့်ရှောက် မှုပေးနိုင်ရန် ပြီးပြည့်စုံသော သားဖွားပြုစု စောင့်ရှောက်ခြင်း ဆိုင်ရာ အသိပညာနှင့် ကျွမ်းကျင်မှုလိုအပ်ကြောင်း၊ ထို့ကြောင့် ယခုနှစ်တွင် မြို့နယ်ဆေးရုံနှင့် တိုက်နယ်ဆေးရုံ ရှိ ဆရာဝန်များနှင့် ခွဲစိတ်ခန်းသူနာပြုဆရာမများ အနေ ဖြင့် ခွဲစိတ်မွေးဖွားခြင်းအပါအဝင် ပြီးပြည့်စုံသော သားဖွား စောင့်ရှောက်ခြင်းကို ကျွမ်းကျင်စွာ စောင့်ရှောက်မှုပေးနိုင် ရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စီစဉ် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုလို လမ်းညွှန်စာအုပ်များ ထုတ်ဝေရုံမျှမကဘဲ မိခင်နှင့်မွေးကင်း စကလေး ကျန်းမာရေးစောင့်ရှောက်မှုတိုးတက်လာစေရေး အတွက် လက်တွေ့အကောင်အထည်ဖော် စောင့်ရှောက် မှုများ ပေးနိုင်သည်အထိ ဆက်လက်ဆောင်ရွက်သွားရန် လိုကြောင်း ပြောကြားသည်။
တိုင်းဒေသကြီး၊ ပြည်နယ်များမှ ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာနမှူးများ၊ သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီးများ၊ ညွှန်ကြားရေးမှူးများ၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊Jhpiegoအဖွဲ့နှင့် ပြည်တွင်း၊ ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။
နိုင်လင်းကြည်

No comments:

Post a Comment