Wednesday, June 20, 2018

အလွန်ကြီးမားတဲ့ မွေးနေ့ကိတ်လက်ဆောင်ရလိုက်တဲ့ ဆာလာ

Image may contain: 8 people, people smiling, people sitting
အီဂျစ်တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ သူ့ရဲ့မွေးနေ့မှာ အလွန်ကြီးမားတဲ့ မွေးနေ့ ကိတ်တစ်ခု လက်ဆောင်ရခဲ့ပါတယ်။ အဲဒီလို
လက်ဆောင်ပေးခဲ့တာဟာလည်း မိုဟာမက် 
ဆာလာကို အံ့အားသင့်လောက် အောင်
အပျော်တွေ ဖြစ်ပေါ်စေဖို့ ပေးခဲ့တာဖြစ်
တယ်လို့လည်း မွေးနေ့ကိတ်ကို ဖန်တီးပေးခဲ့
တဲ့ ချေချင်းညာက ပရိသတ်တစ်စုက ဆိုပါ
တယ်။ မိုဟာမက်ဆာလာဟာ အဲဒီမွေးနေ့
ကိတ်ကို အီဂျစ်အသင်းနဲ့ ဥရုဂွေးအသင်း တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စု
အဆင့်အဖွင့်ပွဲစဉ်အပြီးမှာ မိုဟာမက်ဆာ
လာ ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ
တော့ မိုဟာမက်ဆာလာ ပါဝင်ကစားခဲ့ခြင်း မရှိခဲ့ပါဘူး။ အီဂျစ်အသင်းရဲ့ အုပ်စုအဆင့်
ဒုတိယပွဲစဉ်ဖြစ်တဲ့ ရုရှားအသင်းနဲ့ပွဲမှာ မိုဟာ
မက်ဆာလာပါဝင်လာမှာဖြစ်ပါတယ်။ သူ့ရဲ့ အသက် ၂၅ နှစ်ကနေ ၂၆ နှစ်ကို ကူးပြောင်းတဲ့
နေ့မှာ အလွန်ကြီးမားတဲ့ မွေးနေ့ကိတ် လက်
ဆောင်ရခဲ့တဲ့အပြင် အီဂျစ်အသင်း ကစား
ဖော်တွေရဲ့ မွေးနေ့မှာပျော်ရွှင်ပါစေဆိုတဲ့
သံပြိုင်ကောင်းချီးပေးမှုကိုလည်း ရရှိခဲ့ပါတယ်။
မိုဟာမက်ဆာလာရရှိခဲ့တဲ့ မွေးနေ့ကိတ်ရဲ့
ထူးခြားမှုကတော့ကိတ်ရဲ့ထိပ်မှာကြီးမားတဲ့
ရွှေဖိနပ်တစ်ခုပါဝင်နေခြင်းပါပဲ။
နိုင်လင်းကြည်

No comments:

Post a Comment