Friday, June 1, 2018

မြန်မာ-တရုတ် နယ်စပ်ဒေသကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်

Image may contain: 2 people, people sitting, wedding and indoor
နေပြည်တော် မေ ၃၁
မြန်မာ-တရုတ် နယ်စပ်ဒေသ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က မြန်မာနိုင်ငံ၏ ကုန်သွယ် ဖက် နိုင်ငံများတွင် တရုတ်နိုင်ငံသည် ကုန်သွယ်မှုပမာဏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ကြောင်း၊ အလားတူ နယ်စပ်ကုန်သွယ်မှုများ တွင်လည်း မြန်မာ-တရုတ်နယ်စပ် ဒေသကုန်သွယ်ရေးသည် အများဆုံး ဖြစ်ကြောင်း၊ နယ်စပ်ဒေသ ကုန်သွယ်မှု ပြုလုပ်ရာတွင် ပိုမို အဆင်ပြေချောမွေ့စေရေးအတွက် လက်တွေ့လုပ်ငန်း ဆောင်ရွက်နေသူ များ၏ တွေ့ကြုံနေရသော အခြေ အနေများ၊ အကြံပြုချက်များကို သိရှိ လို၍ ယခုကဲ့သို့ အစည်းအဝေးကျင်းပ ကာ ညှိနှိုင်းဆွေးနွေးရခြင်း ဖြစ်ကြောင်း။
နယ်စပ်ဒေသ ကုန်သွယ်မှုလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် ဒေသအတွင်းရှိ တိုင်းရင်းသား လုပ်ငန်းရှင်များ အပါအဝင် ကုန်သည် လုပ်ငန်းရှင်များအတွက် အကျိုး အမြတ်များ ပိုမိုရရှိလာမည် ဖြစ်သကဲ့သို့ နိုင်ငံတော်အတွက် အခွန်အခများ ပိုမိုရရှိနိုင်ခြင်း၊ ကုန်သွယ် လုပ်ငန်းကွင်းဆက် တစ်လျှောက်ရှိ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေခြင်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် ဒေသတွင်း လူမှုစီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာစေသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် မြန်မာနိုင်ငံတော် ဗဟို ဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ကုန်သွယ်မှုနှင့် သက်ဆိုင်သည့် ဘဏ်များ၏ လုပ်ငန်းကဏ္ဍများကို ဆွေးနွေးသည်။
ယင်းနောက် တက်ရောက်လာကြ သူများက လက်တွေ့ကုန်ရောင်း ကုန်ဝယ် ပြုလုပ်ရာတွင် တွေ့ရှိရသော အားနည်းချက်၊ အားသာချက်များကို ရှင်းလင်းတင်ပြကြရာ မြန်မာ နိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment